iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, October 13, 2015

Facebook ပေါ်မှာ သူငယ်ချင်း wall ပေါ် Birthday Video တင်နိုင်တော့မည်

Facebook ပေါ်မှာ Happy Birthday ကို Wall Post စာတင်ရုံ ခေတ်ကနေ Video ဖြစ်အောင် ထပ်ဆင့်မြင့်လိုက်ပါပြီ။ Birthday ရှိနေသူရဲ့ Wall ပေါ်မှာ Post တင်ဖို့အတွက် Status မှာ Photo တစ်ခုတင်မကပဲ Video icon လေး ပါဝင်လာပါလိမ့်မယ်။
ဒီတော့ ဖုန်းနဲ့ပဲ ဖြစ်ဖြစ် laptop က Web cam နဲ့ပဲ ဖြစ်ဖြစ်ရိုက်လို့ ရပါလိမ့်မယ်။ ကြာချိန်ကတော့ စက္ကန့် ၂၀ ဖြစ်ပါတယ်။ Instagram ထက် အနည်းငယ် ကြာခြင်း ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ birthday wish အတွက် နောက်ခံ သံစဉ် တီးလုံးတွေ နောက်ပိုင်းမှာ ထည့်လို့ရမှာ ဖြစ်ပါတယ်။ ဒီတော့ အရင်လို Birthday card များ ပို့နေတာထက် Facebook ပေါ်ကနေပဲ ပုံတွေ၊ စာတွေ အပြင် ဗီဒီယိုပါ ပို့လို့ရအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီတော့ မိမိတစ်ယောက်တည်းက လုပ်ပေးလို့ရသလို အဖွဲ့လိုက် အတူစုပြီးတော့ အကော့င်တစ်ခုစီကနေ စုပေါင်းပြီး Wish ပေးလို့ရတာမျိုးတွေကော ရှိလာပါလိမ့်မယ်။
ယင်း Feature ကို အမေရိကန်နဲ့ အချို့နိုင်ငံကြီးတွေက user တွေမှာ ရရှိနေပြီ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းပဲ ယင်း Feature ကို အားလုံး ရနိုင်ဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)

No comments:

Post a Comment