iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, October 14, 2015

Facebook မှာ ဗီဒီယို အလိုအလျောက် ဖွင့်တာကို ပိတ်နည်း

Facebook အနေနဲ့ ပြီးခဲ့တဲ့ လက်တလောက policy ပြောင်းတဲ့အခါ Video တွေကို အလိုအလျောက် ဖွင့်မယ်ဆိုတာ ပါပါတယ်။ ယင်းကို yes လို့ ဖြေခဲ့မိသူများ အနေနဲ့ မိမိရဲ့ Mobile Data ဟာ အခြားသူများထက် ပိုကုန်နေမှာ သေချာ ပါတယ်။
မိမိအနေနဲ့ ဗီဒီယိုကို မကြည့်ချင်ပဲ့ သူ့အလိုလျောက်ဖွင့်တာကြောင့် ကုန်နေမှာ ဖြစ်ပါတယ်။ ယင်းကို ပိတ်မယ့်ဆိုရင် ပုံထဲက အတိုင်းသွားနိုင်ပါတယ်။ App Setting ထဲကိုသွား၊ Video Play Automatically ကိုနှိပ်ပြီးတော့ On, Wi-Fi only နဲ့ Off မှာ ရွေးစရာ ရှိပါတယ်။ Wi-Fi only ဆိုရင် WiFi ချိတ်ရင် အလိုအလျောက် ဖွင့်မှာ ဖြစ်ပါတယ်။ Mobile Data မကုန်တော့ ပါဘူး။ Off ဆိုရင် Wi-Fi ဖွင့်လည်း auto play မှာ မဟုတ်ပါဘူး။
ဒီတော့ Facebook ကို အရင်က အသုံးပြုသလိုပဲ ဗီဒီယို ဖွင့်ကြည့်ဖို့အတွက် touch လုပ်ရမှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (MMA)

No comments:

Post a Comment