ကျောင်းသူကျောင်းသားတွေဟာ မိမိတို့ရဲ့ နေအိမ်တွေကို ပြန်ခဲ့ကြပြီး. နောက်ထပ်စာသင်နှစ်တစ်ခုကို
ပြန်လည်တတ်ရောက်ဖို့ အတွက်အချိန်က ကျရောက်လို့လာခဲ့ပါတယ်။
တစ်ခြားကျောင်းသားတွေ လွယ်လွယ်ကူကူဟော့ဝပ်ကျောင်းကို ပြန်လာခွင့်ရခဲ့ပေမဲ့ ဒေါ်ဘီဆိုတဲ့ အိမ်စောင့်နတ်ကလေးဟာ Harry ရဲ့အသက် အန္တရာယ်ကိုကာကွယ်ချင်သောကြောင့် Harry ကျောင်းကိုသွားလို့မရအောင် အမျိုးမျိုးတားဆီးခဲ့ပါတယ်။ ဒီလိုအခက်အခဲတွေကြားက သူငယ်ချင်းရော်န်တို့ကြောင့် Harry ဟာ ဟော့ဝပ်ကျောင်းကို ပြန်လည် ရောက်ရှိခဲ့ကြတယ်။
ယခုစာသင်နှစ်ဟာ ထူးခြားဆန်းပြားမှုတွေအပြင် ကြောက်မက်ဖွယ်ရာအန္တရာယ်များစွာက Harry အသက်ကိုနှုတ်ယူဖို့အတွက် အဆင်သင့်ရှိနေခဲ့တယ်။စလေသရင်းအဖွဲ့ရဲ့ခေါင်းဆောင်ရဲ့စီမံမှုနဲ့ရှိခဲ့တဲ့
ရှေးဟောင်းအခန်းဟာ လွန်ခဲ့တဲ့ နှစ် ၅၀ က တစ်ကြိမ်ပွင့်ခဲ့ပြီး ကျောင်းသားပေါင်းများစွာသေဆုံးဖူးခဲ့သလို ယခုစာသင်နှစ်မှာလည်း ၄င်းအခန်းဟာ ပြန်လည်ပွင့်လာခဲ့တယ်။
အမျိုးမျိုးသောတိုက်ခိုက်မှုတွေအပြင် ဘာကြောင့်မှန်းမသိဘဲကျောက်ရုပ်ဖြစ်သွားတဲ့ မစ္စနောရစ် , ဟာမွန်နီ , နဲ့ တစ်ခြား ကျောင်းသားတို့ကြောင့် ကျောင်းသား/သူ များနဲ့ ဟော့ဝပ်ကျောင်းရဲ့ဆရာ ဆရာမ များပါ အထူးတုန်လှုပ်ခဲ့ကြတယ်။ အခန်းတံခါးကို ပြန်လည်ဖွင့်ခဲ့သူအဖြစ်စွပ်စွဲခံရတဲ့ ဟက်ဂရစ် . ကျောင်းကိုမထိန်းချုပ်နိုင်လို့ ရာထူးချခံရတဲ့ ပါမောက္ခဒမ်ဘဲဒေါ တို့ရဲ့အဖြစ်အပျက်များ။
ကျောင်းသားတွေကိုလုပ်ကြံသူအဖြစ်သတ်မှတ်ခြင်းခံရတဲ့ Harry နဲ့ဗိုဒါမော့စ်အဖြစ်ပြန်လည်
ရှင်သန်လာမယ့် တွမ်ရီဒယ် တို့ရဲ့ ပြင်းထန်လှတဲ့တိုက်ပွဲများကို စိတ်ဝင်စားစွာပြသထားပါတယ်။ Harry Potter ဇာတ်လမ်းတွဲရဲ့ထုံးစံအတိုင်း လျှို့ဝှက်မှုတွေနဲ့ အတူကြီးမား မြွေကြီးရန်ကိုရှောင်ဖယ်ခဲ့တာက
လည်း ငယ်ရွယ်တဲ့ မှော်ဆရာလေး Harry Potter အတွက်အရမ်းကို တော်လွန်းခဲ့ပါတယ်။
ကဲ အခု Harry Potter and the chamber of secrets ( Book 2 ) ကိုကြည့်ပြီး နောက်ထပ် တင်ပေးမယ့် (Book 3 ) ကိုစောင့်မျှော်ကြပါကုန်။
( Translated & Encoded by San Win Maung )
Harry Potter-1 ကိုလိုချင်သူများ ဒီလင့် မှာသွားရောက်ကြည့်ရှုနိုင်ပါသည်။
File Size [1080P] : 1.35 Gb
Quality : BlueRay 1080P
Small File Size : 908 Mb
Quality : HD 720P
Running Time : 2h 40m
Source : YIFY
Translated & Encoded : San Win Maung
channelmyanmar.com




No comments:
Post a Comment