iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, October 12, 2015

ချယ်လ်ဆီးရဲ့ အဓိက ကစားသမား Hazard က ကစားသမားဘဝတွင် အခက်ခဲဆုံးအချိန်ကို ဖြတ်ကျော်နေရသည်ဟုပြော



ချယ်လ်ဆီးအသင်းကို မနှစ်က ပရီးမီးယားလိဂ်ဗိုလ်စွဲစေဖို့ အဓိကအပိုင်းကနေ အထောက်အကူပြုခဲ့တဲ့ Hazard ဟာ ကစားသမားဘဝမှာ အခက်ခဲဆုံးအချိန်တွေကို ဖြတ်ကျော်နေရတယ်လို့ ပြောလိုက်တာပါ။ သူဟာ ချယ်လ်ဆီးအသင်းနဲ့ ရာသီအစဆယ်ပွဲလုံးမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဖိအားတွေ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ 


ဒါပေမယ့် ဒီအသက် ၂၄ နှစ်အရွယ် ကစားသမားကတော့ အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိနိုင်အောင် ကြိုးစားခဲ့သွားမယ်လို့ ဆိုထားပါတယ်။ သူဟာ Mirror နဲ့ တွေ့ဆုံအင်တာဗျူးမှာ  " ကျွန်တော်ဟာ ကစားသမားဘဝတစ်လျှောက်မှာ အခက်ခဲဆုံးအချိန်ကို ရင်ဆိုင်နေရတယ်လေ။ ကျွန်တော့် ခြေစွမ်းတွေ ဘာကြောင့် ကျဆင်းနေရတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် နားမလည်နိုင်ဖြစ်နေတယ်။ ဒါပေမယ့် အကောင်းဆုံးခြေစွမ်းကို ရဖို့ ပြန်ကြိုးစားနေပါပြီ။ အာဆင်နယ်ကို နိုင်တဲ့ပွဲမှာ ကျွန်တော်တို့ အသင်းပြန်လာပြီလို့ ထင်ခဲ့တာ ဒါပေမယ့် ရလဒ်တွေကပြန်ပြီး ကျဆင်းသွားတယ် " လို့ ပြောသွားခဲ့ပါတယ်။ 


နည်းပြ Mourinho နဲ့ ပတ်သက်ပြီး Hazard က " သူက အကောင်းဆုံးနည်းပြတစ်ယောက်ပဲလေ။ ဖိအားတွေနဲ့  ရင်ဆိုင်ရတာကို ရင့်ကျက်နေပြီးသား နည်းပြတစ်ယောက်ပဲလေ။ အသင်းကို အကောင်းဆုံးအနေအထားမှာ ပြန်ပြီးထိန်းမတ်ပေးနိုင်ပါလိမ့်မယ်။ ဒီလို ရလဒ်ဆိုးတွေက အသင်းကို ပိုရင့်ကျက်အောင် သင်ပြပေးနေတာပါ " လို့ ပြောပါတယ်။ 


ဒါကြောင့် ကစားသမားတွေရော အသင်းလိုက်ရော ရလဒ်တွေ ကျဆင်းနေတဲ့ ချယ်လ်ဆီးအသင်း Hazard ပြောခဲ့သလိုပဲ အကောင်းဆုံးတွေနဲ့ ပြန်ရောက်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။ 

(Paing A K)

No comments:

Post a Comment