iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, October 11, 2015

iPhone ရဲ့ ဒီဇိုင်းနဲ့ ပုံစံချင်းတူနေတဲ့ HTC One A9 ရဲ့ ဓါတ်ပုံများ

Android အသုံးပြုသူတို့အတွက် ဒီဇိုင်းလှပတဲ့ နာမည်ကြီး Smart Phone တစ်မျိုး ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ အဲ့ဒါကတော့ HTC One A9 ဖြစ်ပါတယ်။ ဒီဇိုင်းအရကြည့်မယ်ဆိုရင် HTC One A9 ရဲ့  ဒီဇို်င်းက iPhone ရဲ့ ဒီဇိုင်းနဲ့ တူလွန်းနေပါတယ်။ ဒါပေမဲ့ အဆိုပါ ဒီဇိုင်းကိုတော့ HTC က အတည်ပြုပြောကြားထားခြင်းမရှိသေးပါဘူး။ ခုထွက်ပေါ်လာတဲ့ HTC One A9 ရဲ့ ကောလဟာလပုံရိပ်တွေဟာ @OnLeaks ဆိုတဲ့ Twitter အကောင့်ပေါ်မှစတင်ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။
HTC One A9 1
ယခုဖော်ပြထားတဲ့ ပုံတွေဟာ AT&T စတိုးမှ ထုတ်လုပ်ဖို့အတွက် HTC One A9 ရဲ့ ဖုန်းပုံစံ အတုဖြစ်ပေမဲ့ တကယ်ထုတ်လုပ်မဲ့ ပုံစံလည်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။ ကောလဟာလ ပုံများအရဆိုရင် HTC One A9 ဟာ စပီကာကို အောက်ခြေမှာ ထားပုံကအစ ကင်မရာရဲ့ ဒီဇိုင်းပုံစံက အဆုံး  iPhone ရဲ့ ဒီဇိုင်းများနဲ့ လုံးဝနီးပါးကို တူညီနေပါတယ်။ iPhone နဲ့ကွဲလွဲချက်ဆိုလို့ နေရာ အထားအသို ကွဲပြားခြင်းပဲ ရှိပါတယ်။ iPhone ရဲ့  စပီကာ က ဖုန်းရဲ့ ညာဘက် အောက်ခြေဘက်မှာ ရှိနေတာဖြစ်ပြီး ၊ HTC One A9 ကတော့ ဖုန်းရဲ့ ဘယ်ဖက် အောက်ခြေမှာ ထားရှိခြင်းဖြစ်ပါတယ်။ နောက်ထပ် ကင်မရာရဲ့တည်နေရာကလည်း iPhone မှာတော့ အပြင်ဘက် ဘယ်ဘက်ထောင့်မှာ ထားရှိတာဖြစ်ပြီး HTC One A9 မှာတော့ ဖုန်းရဲ့ အပြင်ဘက် ထိပ်ပိုင်း အလယ်တည့်တည့်မှာ ထားရှိထားတာဖြစ်ပါတယ်။ ဒါပေမဲ့ HTC One A9 ရဲ့ ထူးခြားချက်က  Sim Card Slot အပြင် Micro SD Card Slot ကိုပါ ဖုန်းရဲ့ကိုယ်ထည်ဘေးဘောင်မှာ ထည့်သွင်းပေးထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် Memory SD card ကိုထပ်တိုးအသုံးပြုလိုသူများအနေနဲ့ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် HTC အနေနဲ့ BoomSound စပီကာ ကို အသုံးပြုထားခြင်းက အသံထွက်ကောင်းမွန်ခြင်းအတွက် အားသာချက်ဖြစ်ပြီး အနည်းငယ် ပြောင်းလဲလာတဲ့ HTC ရဲ့ တစ်ယူသန်မှု ကို HTC One A9 မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ Finger Print Sensor ကို အမြဲတမ်း ကိုယ်ထည်အပြင်မှာ ထားနေတဲ့ HTC ဟာ အခုဆိုရင်တော့ အတွင်း Screen ရဲ့ အောက်ခြေမှာHome Button နဲ့ အတူပါဝင်လာတော့မှာဖြစ်ပါတယ်။ ဒါဟာ HTC အသုံးပြုသူတို့ကို အပြောင်းအလဲ ဖြစ်စေမဲ့ အချက်တစ်ချက်လည်းဖြစ်နေပါတယ်။ အခုထွက်ရှိနေတဲ့ HTC One A9 နဲ့ ပတ်သက်တဲ့  ကောလဟာလတွေကတကယ်ဖြစ်မလားမဖြစ်လာဘူးလားဆိုတာကိုတော့အောက်တိုဘာ၂၀ရက်နေ့မှာသိရမှာဖြစ်ပါတယ်။
Ref : the verge
Aung Ko Htet (MMA)

No comments:

Post a Comment