iRing လို့ အမည်မဲ့ ခေါ်နေကြတဲ့ Apple မှ အသစ်ထုတ်မယ့် စမတ်လက်စွပ် မှာ ကင်မရာ ပါဝင်ပါတယ်။ ယင်းကင်မရာ ကနေ ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် သူ့မှာ သေးငယ်တဲ့ ဖန်သားပြင် ပါဝင်ပြီး Touch screen ဖြစ်တာကြောင့် App များကို ထိတွေ့အသုံးပြုနိုင်ပါတယ်။ Text message ရိုက်လို့ရ ပါမယ်။ မိုက်ကရိုဖုန်း ပါတဲ့အတွက် အသံဖြင့် text message ရိုက်ခြင်းကို ဖန်တီးပေး ပါလိမ့်မယ်။
လက်စွပ်ဟာ လက်ညိုးမှာ ဝတ်ရတဲ့ အရွယ်ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ လက်အရွယ်အစား မတူတာကြောင့် လက်စွပ်ကို ဘယ်လို အရွယ်တွေ ဘယ်လို ထုတ်မယ့်ဆိုတာ မသိသေး ပါဘူး။ သေချာတာကတော့ Apple အနေနဲ့ စမတ်လက်စွပ် ကို ထုတ်မှာပါ။ ယင်းအတွက် မူပိုင်တင်ထားပြီး ကင်မရာအတွက်ပါ တစ်ခါတည်း မူပိုင်ထဲမှာ ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ လက်ညိုးကို ကွေးဆန့်တဲ့ လက်ဟန်ပေါ်မှာမူတည်ပြီးတော့ စာလုံးတွေပေါ်တာကို အခြားသော Apple ပစ္စည်းတွေနဲ့ ချိတ်ဆက်ပြီး ပေါ်စေမှာ ဖြစ်ပါတယ်။ GPS, နာရီ, iPhoto အစရှိသဖြင့်တို့လည်း app အနေနဲ့ ပါဝင်မှာ ဖြစ်ပါတယ်။
လက်စွပ်ပေါ်မှာ notification များလည်း တက်နိုင်ပြီး interact လုပ်လို့ရမယ့် feature များလည်း ပါဝင်မှာ ဖြစ်ပါတယ်။ Apple Ring နဲ့ ပက်သက်တဲ့ သတင်းအချက်အလက်များကို ၂၀၁၆ ခုနှစ်အတွင်းမှာ ပိုမို သိရနိုင်ဖွယ် ရှိပါတယ်။ ယခု ဓာတ်ပုံဟာ Apple က အတည်ပြုပေးတဲ့ ပုံစံမဟုတ်သေးပါ။
.
Ref: dailymail
အောင်ခမ်း (MMA)
.
Ref: dailymail
အောင်ခမ်း (MMA)
No comments:
Post a Comment