iCon
zawgyi သို့ မဟုတ် unicode
Tuesday, October 13, 2015
မန်ယူမှာပဲ ပျော်ရွှင်နေပြီဆိုတဲ့ Mata
မန်ယူကွင်းလယ်ဖန်တီးရှင် ဒီကစားသမားကတော့ မန်ယူမှာပဲပျော်ရွှင်နေပြီး စပိန်ကိုပြန်မယ်ဆိုတဲ့သတင်းတွေက ကောလဟာလာမျှသာဖြစ်တယ်လို့ ပြောပါတယ်။
Mata ဟာ အင်္ဂလန်ကို ၂၀၁၁ ခုနှစ်မှာရောက်ခဲ့တာဖြစ်ပြီး ဗလင်စီယာအသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းခဲ့တာပါ။
အဲ့ဒီနောက် ၂၀၁၄ ဇန်နဝါရီမှာ ချယ်လ်ဆီးကနေ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ အင်္ဂလန်မြေမှာ Mata ကျင်လည်နေတာ ငါးနှစ်ကျော်ခဲ့ပါပြီ။ ငါးနှစ်အတောအတွင်း အောင်မြင်မှုတွေရခဲ့သလို အတွေ့အကြုံတွေလည်း ရနေပါပြီလို့ Mata က ပြောပါတယ်။
" ကျွန်တော်မန်ယူမှာပျော်နေပါပြီ။ တစ်ခါတစ်လေတော့ စပိန်မြေက မိသားစုလေးကို လွမ်းပေမယ့် ကျွန်တော် အင်္ဂလန်မှာ လုပ်ပြစရာတွေအများကြီး ကျန်သေးတယ်လို့ ထင်ပါတယ်။ အင်္ဂလန်မှာ ကစားရတာကတော့ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းတွေရစေတယ်လေ။ ဒီနိုင်ငံရဲ့ ဘောလုံးလိဂ်တည်ဆောက်ပုံနဲ့ ပရိတ်သတ်တွေရဲ့ ဘောလုံးကို ရူးသွပ်မှုတွေက အင်္ဂလန်ရဲ့အကောင်းဆုံးအချက်တွေပေါ့။ ကစားသမားတိုင်း အင်္ဂလန်မှာ တစ်နှစ်လောက်လာရောက် ကစားစေချင်ပါတယ်။ "
" ကစားသမားတွေမှာ တစ်ယောက်ကိုတစ်ယောက် လေးစားမှုတွေရှိသလို ရိုင်းပင်းမှုတွေလည်းရှိတယ်လေ။ နာမည်ကျော်အသင်းကြီးတွေရဲ့ ပရိသတ်တွေကတော့ ဘယ်လောက်ပဲ ရှုံးရှုံး အားပေးမြဲပဲ။ ဒီလိုစိတ်ဓာတ်မာကျောတဲ့ ပရိသတ်တွေက ကစားသမားတွေကို ပိုကြိုးစားဖို့ တွန်းအားပေးတယ်လေ။ ဒါကတော့ စပိန်နဲ့ကွာတဲ့အချက်ပဲ။ ဒီက ပရိသတ်တွေက ဘောလုံးအကြောင်းကို ပိုနားလည်ကြတယ် " လို့ El Pais သတင်းနဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာပါ။
(Paing A K)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment