iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, October 22, 2015

Navy Seals VS Zombies(မြန်မာစာတန်းထိုး)


CM ရဲ့ Zombie ပရိသတ်တွေအတွက် ၂၀၁၅ မှာ အသစ်ထွက်ထားတဲ့ Zombie ကားသစ်လေးပါ CIA က သုတေသနလုပ်နေတဲ့ ဇီဝလက်နက်တစ်မျိုးကြောင့် ဘတန် ရူးဂ် မြို့လေးက လူတွေ ရောဂါကူးစက်ခံရပြီး zombie တွေ ဖြစ်သွားတယ် အဆိုပါမြို့လေးမှာ ဟောပြောပွဲပြုလုပ်နေတဲ့ ဒုသမ္မတ ပြန်ခေါ်ထုတ်နိုင်ဖို့အတွက် SEAL တပ်ဖွဲ့ဝင်တွေကို ထိုမြို့လေးဆီကို စေလွှတ်လိုက်တယ် နောက်ပိုင်းမှာတော့ လူလုပ် ဗိုင်းရပ်ကြောင့် ဖြစ်တယ်ဆိုတာကို SEAL အဖွဲ့ဝင်တွေ သိသွားတဲ့အချိန်မှာ အဲ့ဒီမြို့က CIA ရဲ့ သိပ္ပံပညာရှင်တွေရှိနေတဲ့ အစိုးရဓာတ်ခွဲခန်းလေးဆီကို သူတို့သွားပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ကြိုးစားကြတယ်

နောက်ဆုံးမှာတော့ အခြားမြို့တွေဆီ ရောဂါပိုး မကူးစက်နိုင်အောင် မြို့ကိုဖျက်စီးဖို့ CIA နဲ့တာဝန်ရှိသူတွေ ဆုံးဖြတ်ချက်ချခဲ့ပါတယ် SEAL အဖွဲ့ဝင်တွေဒီမြို့လေးကို ကယ်တင်နိုင်မလား သူတို့အဖွဲ့ထဲလူတွေအားလုံး အသက်ရှင်ပါ့မလားဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ် ဆက်လင်စောင့်ကြည့်ရမှာဖြစ်ပါတယ် Rating 3.7 သာရရှိထားပေမဲ့ Action အရောလေးမို့ CM ပရိသတ်တွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်
ဘာသာပြန်ရော အညွှန်းကိုပါ Carey Nyein မှ တင်ဆက်ပေးထားပါတယ်

Encoder : Littleneo
IMDb : 3.7
Duration : 1:38:00
File size : 701 Mb
Quality : 720p


channelmyanmar.com


No comments:

Post a Comment