iCon
zawgyi သို့ မဟုတ် unicode
Tuesday, October 13, 2015
ကမ္ဘာကျော်အားကစားဦးထုပ် အမှတ်တံဆိပ် New Era နဲ့ မန်ယူအသင်း စပွန်ဆာစာချုပ် ချုပ်ဆို
မန်ယူအသင်းဟာ ဘေ့စ်ဘောအားကစားအသင်းတွေကို Headwear စပွန်ဆာပေးနေတဲ့ New Era ကုမ္ပဏီနဲ့ လက်တွဲပြီး အသင်းအမှတ်တံဆိပ်ပါဝင်တဲ့ ဦးထုပ်တွေကို ရောင်းချသွားမယ်လို့ သိရပါတယ်။
New Era ဟာ မန်ယူအသင်းရဲ့ တရားဝင် Headwear ပါတနာဖြစ်လာမှာ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ မန်ယူအသင်းနဲ့ ပထမဆုံးအဖြစ် ခြေလှမ်းတွေစတင်လိုက်တာပါ။
ဒီနာမည်ကျော် အမေရိကန်ကုမ္ပဏီဟာ ဦးထုပ်တွေကို မေဂျာလိဂ်မှာလည်း စပွန်ဆာပေးထားပြီး အင်္ဂလန်မြေမှာ မန်ယူအသင်းကို စပွန်ဆာပေးပြီး စီးပွားရေးနယ်ပယ်ချဲ့ထွင်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီလိုစပွန်ဆာစာချုပ်ချုပ်ဆိုလိုက်တာဟာ ကမ္ဘာ့ဈေးအကြီးဆုံး အားကစားဝတ်စုံစာချုပ်ကို Adidas နဲ့ ချုပ်ဆိုထားတဲ့ သရဲနီတို့အတွက်တော့ ကောင်းမွန်တဲ့ လာခြင်းတစ်ပါးဖြစ်လာမှာ အမှန်ပါပဲ။
အရင် သူတို့ရဲ့ အားကစားဝတ်စုံကုမ္ပဏီ Nike ကတော့ ဒီလိုစာချုပ်ထပ်မံချုပ်ဆိုမှုတွေကို တားမြစ်ထားပေမယ့် ဂျာမန်ကုမ္ပဏီ Adidas ကတော့ ခွင့်ပြုထားပါတယ်။ ဒီလို မန်ယူတံဆိပ်ပါတဲ့ ဦးထုပ်တွေကို အမှတ်တရပစ္စည်းအရောင်းဆိုင်တွေမှာလည်း စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ New Era နဲ့ စာချုပ်ချုပ်ဆိုလိုက်တာဟာ Trucker ဦးထုပ်တွေထုတ်လုပ်နေတဲ့ Ferdinand အတွက်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားစေတာပါ။
မန်ယူအသင်းက မန်နေဂျာ ရစ်ချတ်အာနိုးကတော့ သူတို့အသင်းရဲ့ အားပေးသူပရိတ်သတ်တွေရဲ့ ကျေးဇူးကြောင့် ယူနိုက်တက်ကို ဒီလိုရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။ မန်ယူအသင်းကို အခြေခံပြီးဈေးကွက်ချဲ့ထွင်လိုက်တဲ့ New Era ဟာ ကမ္ဘာအနှံ့ကို ဖြန့်ချီနိုင်ဖို့လည်း ကြွေးကြော်ထားပါသတဲ့။
Labels:
သတင်း
Subscribe to:
Post Comments (Atom)


No comments:
Post a Comment