iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, October 10, 2015

ကျွန်တော်ဟာ Neymar မဟုတ်ပါဘူးလို့ ပြောလိုက်တဲ့ Douglas Costa


ဒီဘိုင်ယန်မြူးနစ်တောင်ပံကစားသမားဟာ အသင်းခေါင်းဆောင် Neymar ပွဲပယ်ခံထားရချိန်မှာ Neymar နေရာမှာ ကစားဖို့အတွက် လျာထားခံရသူပါ။ ဒါပေမယ့်သူကတော့ Neymar နောက်တစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောလိုက်တာပါ။

ဘာစီလိုနာတိုက်စစ်မှူးဖြစ်တဲ့ Neymar ဟာ ကိုပါအမေရိကဖလားမှာ ရရှိခဲ့တဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်
ယှဉ်ပြိုင်ကစားရမယ့် ချီလီအသင်းနဲ့ပွဲကိုလည်း လွဲချော်ခဲ့ပြီး ဗင်နီဇွဲလားအသင်းနဲ့ ပွဲစဉ်ကိုလည်း မပါဝင်နိုင်ဖူးလို့ သိရပါတယ်။ 

ကျွန်တော်ဟာ Neymar အသစ်လည်းမဟုတ်ပါဘူး။ Neymar ရဲ့ ကစားဟန်နဲ့ ကစားတဲ့နေရာချင်းလည်း မတူပါဘူး။ 
ကျွန်တော်က ကိုယ့်ရဲ့အပိုင်းမှာပဲ အကောင်းဆုံးကြိုးစားနေတာပါ။ နည်းပြ Guardiola ရဲ့ လက်အောက်မှာ ကစားရတဲ့ သုံးလအတွင်းမှာတော့ အများကြီး တိုးတက်လာသလိုခံစားရပါတယ်။သူ့လက်အောက်မှာလည်း အချိန်ကြာကြာဆက် ကစားချင်ပါသေးတယ်လို့ ပြောသွားခဲ့တာပါ။ 

Douglas ဟာ ယခုရာသီမှ ရှက်တာဒိုးနက်အသင်းကနေ ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့ပေမယ့် ခြေစွမ်းပြနေပြီး ၅ဂိုးဖန်တီးပေးထားပြီးဂိုးတွေလည်း သွင်းယူထားနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဘရာဇီးနည်းပြ ဒွန်ဂါက Neymar နေရာအတွက် အစားထိုးခေါ်ယူထားတာဖြစ်ပြီး Douglas ကတော့ Neymar လိုကစားပုံမျိုးရှိတဲ့သူမဟုတ်ဘဲသူ့ကစားဟန်အတိုင်းသာကစားသွားမယ်လို့ပြောလိုက်တာလည်း ဖြစ်ပါတယ်။ 


(Paing A K)

No comments:

Post a Comment