iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, October 19, 2015

ဘိုင်ယန်နဲ့ပွဲမှာ Petr Cech ကို ပွဲထွက်ဂိုးသမားအဖြစ် သုံးသင့်ဟု Henry အကြံပြု



အင်္ဂါနေ့ညမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် အာဆင်နယ်အသင်းဟာ  အံ့အားသင့်ဖွယ်ရလဒ် ထွက်ပေါ်လာအောင် ကစားသွားနိုင်မယ်လို့  ခံစားမိကြောင်း သူတို့ရဲ့ ဂန္တဝင်တိုက်စစ်မှူး Henry က ပြောပါတယ်။ ဂန်းနားတွေဟာ ဒိုင်နမိုဇာဂရက်နဲ့
အိုလံပီယာကော့စ်အသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်မှာ အုပ်စုရဲ့ 
 အောက်ဆုံးမှာ ရပ်တည်နေရတာပါ။ ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်ဟာ အာဆင်နယ်အတွက်အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ဖို့မှာ အဓိကအရေးပါနေတာလည်း ဖြစ်ပါတယ်။


ဘိုင်ယန်အသင်းဟာ သူတို့ရဲ့အကောင်းဆုံး ရာသီအဖွင့်ပုံစံကို ရနေပြီး ဂိုးတွေလည်း မြူးနေခဲ့တာပါ။ သူတို့အသင်းဟာ ချန်ပီယံလိဂ်မှာလည်း အကောင်းဆုံးပုံစံတစ်ခုကို ပြသထားနိုင်ပြီး အုပ်စုရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တာကြောင့် အာဆင်နယ်အသင်းက ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေတာပါ။  ဥရောပအဆင့်မှာဘိုင်ယန်မြူးနစ်အသင်းဟာအာဆင်နယ်အသင်းကို  နောက်ဆုံးသုံးရာသီအတွင်းမှာ
 နှစ်ရာသီအထိ အိမ်လှည့်ပြန်ရအောင်  ဒုက္ခပေးတတ်တဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယခင်ရာသီတွေမှာ တွေ့ဆုံဖူးတဲ့ အစဉ်အလာတွေကြောင့် အာဆင်နယ်အသင်းဟာ ဘိုင်ယန်ကို အကောင်းဆုံး တုံ့ပြန်နိုင်မယ်လို့  Henry က ထင်နေတာပါ။ 


ဒါကြောင့် Henry က The Suns သတင်းစာရဲ့ သူ့ column မှာ " အာဆင်နယ်အသင်းဟာ လွန်စွာကွဲပြားတဲ့ ကစားပုံကို ရနေပြီ။ မေးစရာရှိတာကတော့ သူတို့ဟာ မိနစ်ကိုးဆယ်လုံး မြင့်မားတဲ့ Tempo နဲ့ ဘိုင်ယန်ကို ခြိမ်းခြောက်နိုင်မလားပဲ။ နောက်တစ်ချက်ကတော့ Arsene ကတော့ Petr ကို အလှည့်ကျပွဲ မထုတ်သင့်သေးဘူး။ အိုလံပီယာကော့စ်နဲ့ပွဲတုန်းက သင်ခန်းစာကို မှတ်မိသင့်တယ်။ အကယ်လို့သာ ဘိုင်ယန်ကို အဓိက ကစားသမားတွေနဲ့ ရင်မဆိုင်ဘူးဆိုရင်တော့ အိမ်မှာပဲ နေ,နေသင့်တယ် " လို့ Henry က အကြံပြုရေးသားထားတာပါ။ 

No comments:

Post a Comment