iPhone 6S ထွက်ပေါ်လာတာနဲ့ ပါဝင်လာတဲ့ 3D Touch စနစ်ကို screen protector တွေကပ်ထားရင် အလုပ်လုပ်မလားဆိုတာ စိုးရိမ်စရာတွေဖြစ်လာပါတယ်။ Apple ရဲ့တရားဝင်ထုတ်ထားတဲ့ အချက်အလက်တွေအရ Screen protector ဟာ 0.3mm အထူရှိပြီး လေခိုမနေရင် 3D Touch အလုပ်လုပ်မယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ မကွဲမှန်ကပ်တာမျိုး ခပ်ထူထူရှိတဲ့မှန်တွေတပ်ထားရင်တော့ 3D Touch ကိုအသုံးပြုလို့မရတာကိုတွေ့ရပါတယ်။ Spigen GLAS.tR ဆိုတဲ့ မှန်ကတော့ 3D Touch အလုပ်လုပ်တယ်လို့အာမခံထားပြီး Amazon မှာ $7.99 တန်ပါတယ်။
No comments:
Post a Comment