iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, October 12, 2015

မန်စီးတီးရဲ့ လူငယ်ကြယ်ပွင့် Sterling မူးယစ်ဆေးတွေ သုံးစွဲနေတာလား




မန်စီးတီးနဲ့ အင်္ဂလန်အသင်းအတွက် အနာဂတ်မျိုးဆက်သစ်ကစားသမားလေး  Sterling  ဟာ မူးယစ်ဆေးဝါးကို နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲနေတယ်လို့ သံသယရှိရတဲ့ သတင်းတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပါတယ်။Sterling ဟာ တကယ်ပဲ မူးယစ်ဆေးဝါးသုံးနေတာလားဆိုတာ ဒီလိုသတင်းတွေကနေ အခြေခံထွက်ပေါ်လာတာပါ။


ပြီးခဲ့တဲ့အပတ်က Sterling ရဲ့ ပေါင်၁၂၅၀၀၀ တန်ဖိုးရှိတဲ့ မာစီးဒီးကားဟာ လန်ဒန်မြို့မှာ မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီကားမှာ ပါဝင်တဲ့ အသက်ကယ်လေအိတ်နှစ်လုံးလုံးက မတော်တဆမှုဖြစ်ပြီးတဲ့အချိန်မှာ ပွင့်လျက်သားဖြစ်နေခဲ့တာပါ။




ဒါကြောင့် တာဝန်ရှိသူတွေက ကားကိုဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်တဲ့အချိန်မှာတော့ laughing  gas လို့ခေါ်တဲ့  Nitrous oxide ဓာတ်ငွေ့တွေဖြည့်ထားတဲ့ဂတ်စ်အိုးနှစ်လုံးကို ရှေ့ခန်းထိုင်ခုံရဲ့
 အောက်ဘက်မှာတွေ့လိုက်ရတာပါ။ Nitrous oxide ဟာ တရားမဝင်မူးယစ်ဓာတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။


ဒါပေမယ့် Sterling ရဲ့ အေးဂျင့်ဖြစ်သူကတော့ " Raheem ဟာ မတော်တဆမှုဖြစ်ပွားချိန်မှာ မန်ချက်စတာမြို့ကို အသင်းလေ့ကျင့်ခန်း အစီအစဉ်တွေအတွက် ရောက်ရှိနေတာပါ။ သူ့ရဲ့ သူငယ်ချင်းဖြစ်သူကို ကားကို ခဏပေးထားခဲ့တာပါလို့ " ငြင်းဆိုထားပါတယ်။


အသက် ၂၀ အရွယ်သာရှိသေးတဲ့ Sterling ဟာ လီဗာပူးလ်ကနေ မန်စီးတီးကို ပေါင် ၄၉ သန်းဆိုတဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တာပါ။ သူဟာ လီဗာပူးလ်မှာ ကစားခဲ့တုန်းကလည်း မူးယစ်ဆေးတွေမသုံးဖို့ Rodgers ရဲ့ သတိပေးမှုကိုခံခဲ့ရပါသေးတယ်။ Sterling ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကလည်း shisha ပိုက်တွေကို ရှူရှိုက်နေတဲ့ ဓာတ်ပုံတွေကြောင့် လူပြောများခဲ့ပါသေးတယ်။



Nitrous oxide ကတော့ လူ့စိတ်ကို ပျော်ရွှင်မှုတွေပေးနိုင်တာကြောင့် စိတ်ကျရောဂါသည်တွေအတွက်သာ ဆေးအဖြစ်သုံးစွဲခွင့်ပေးထားပြီး သာမန်လူတွေအတွက်တော့ အများဆုံး ၂ပေါင်ဖိုးသာ ဝယ်လို့ရတယ်လို့သိရပါတယ်။ Shisha ကတော့ တစ်ပိုက်ကို ဆေးလိပ် အလိပ်၂၀၀ လောက်သောက်တာနဲ့ ညီပြီး အားကစားသမားတွေအတွက် မလုပ်သင့်တဲ့ အပြုအမူတွေထဲမှာ ထိပ်ဆုံးကပါဝင်လျက်ရှိပါတယ်။


ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုကို ရရှိထားတဲ့ Sterling ကတော့ ဆယ်ကျော်သက်အဆိုတော် Justin Bieber လို တလွဲဆံပင်ကောင်းမဖြစ်စေဖို့ အင်္ဂလန်ပရိသတ်တွေက မျှော်လင့်လျက်ရှိပါတယ်။ 


(Paing A K)

No comments:

Post a Comment