iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, November 21, 2015

လီဗာပူးလ်နဲ့ ပွဲအမှီကစားနိုင်မယ်လို့ Aguero ယုံကြည်



တံကောက်ကြောဒဏ်ရာကနေ သက်သာလာတဲ့မန်စီးတီးတိုက်စစ်မှူး Aguero ဟာ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။ အောက်တိုဘာလအစပိုင်းတည်းက
 နိုင်ငံတကာပွဲစဉ်တွေမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် Aguero ဟာ ကာလအတန်ကြာအောင် အနားယူခဲ့ရပါတယ်။ သူဟာ လီဗာပူးလ်အသင်းနဲ့ မကစားမှီမှာ ဒဏ်ရာကပြန်လာခဲ့ပြီး အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း အပြည့်အဝပါဝင်ကစားနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


" ကျွန်တော် လီဗာပူးလ်နဲ့ပွဲကို ဝင်ကစားနိုင်မယ်ထင်ပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံး အခြေအနေကို ပြန်ရောက်ဖို့ အားစိုက်လုပ်ဆောင်နေပါတယ်။ တစ်ပွဲတည်း ငါးဂိုးသွင်းနိုင်လောက်တဲ့ ခြေစွမ်းမျိုးရဖို့တော့ အချိန်ယူမယ်ထင်ပါတယ်။ ကျွန်တော် လူငယ်ကစားသမားဘဝတုန်းက အာဂျင်တီးနားမှာတုန်းကလည်း ငါးဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေတွေအားလုံးက ကွာခြားနေပြီလေ " လို့ Aguero က ပြောပါတယ်။

သူဟာ မန်စီးတီးအသင်းရဲ့ အားအထားရဆုံးတိုက်စစ်မှူးဖြစ်ပြီး သူဒဏ်ရာရနေချိန်မှာလည်း အခြားတိုက်စစ်မှူးဖြစ်တဲ့ Bony ကလည်း အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

 Aguero ကတော့ လီဗာပူးလ်မှာ ဒဏ်ရာရနေတဲ့ အသင်းဖော်ဟောင်း Milner နဲ့ ပတ်သက်ပြီးတော့လည်း " သူလည်း ကျွန်တော်တို့နဲ့ ကစားမယ့်ပွဲအမှီ ပြန်ကောင်းလာပါစေလို့ ဆုတောင်းပေးပါတယ်။ သူက အသင်းအများစုမှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ သူက ပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့ အသင်းနဲ့ ကစားမယ့်ပွဲမှာ သူပြန်ပါလာရင်လည်း သူကတော့ ကိုယ်စားပြုအသင်းအတွက် အကောင်းဆုံးပေးဆပ်ပြမယ့်သူ " လို့ ပြောပါတယ်။

 မန်စီးတီးအသင်းကတော့ ရမှတ် ၂၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး လီဗာပူးလ်အသင်းကတော့ ၁၇ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်လျက်ရှိနေပါတယ်။ 

(Paing A K)

No comments:

Post a Comment