iCon
zawgyi သို့ မဟုတ် unicode
Thursday, November 26, 2015
ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ၏ မြေးဖြစ်သူတို့  တွေ့ ဆုံခဲ့ကြောင်း နှစ်ဘက်စလုံးမှ အတည်ပြု
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ၏ မြေးဖြစ်သူ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် တို့ တွေ့ဆုံခဲ့သည်မှာ မှန်ကန်ကြောင်း နှစ်ဘက်စလုံး၏ အတည်ပြု ပြောကြားချက်များအရ သိရသည်။
အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပြီးစီးခဲ့သည့် နောက်ပိုင်း နိုဝင်ဘာလ ၁၉ ရက် ညနေပိုင်းအချိန်တွင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ နေအိမ်သို့  အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ မြေးဖြစ်သူ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် က လာရောက် တွေ့ ဆုံခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ ပြောဆို ဆွေးနွေးမှု အကြောင်းအရာ နှင့် ပတ်သက်၍ နှစ်ဘက်စလုံးမှ တစ်စုံ တစ်ရာ ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ဘဲ တွေ့ ဆုံမှု ရှိခဲ့သည် ဆိုခြင်းကိုသာ အတည်ပြုခဲ့ကြသည်။
ထိုသို့ တွေ့ ဆုံမှုနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်တဲ့ အာရှအသံ (RFA) နှင့် တွေ့ ဆုံမှု အစီအစဉ်တွင် အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပြောကြားပြီးနောက် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ မြေးဖြစ်သူ နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်က ယနေ့ နိုဝင်ဘာလ ၂၆ ရက်တွင် ၄င်း၏ Facebook စာမျက်နှာ၌ ဒေါ်အောင်ဆန်းစုကြည်က ၄င်းအား တွေ့ ဆုံစဉ်တွင် နွေးထွေးရင်းနှီးစွာ ဆက်ဆံခဲ့ခြင်းအပေါ် များစွာ ဝမ်းသာမိကြောင်း ၊ တိုင်းပြည် အကျိုးအတွက် ကျရာ ကဏ္ဍမှ ကူညီ ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ပြည်သူများလည်း ယခု သတင်းကြောင့် ဝမ်းသာလိမ့်မည်ဟု မျှော်လင့်ပါကြောင်းနှင့် ၄င်းဘက်ကလည်း ကျေးဇူးတင်ကြောင်း ရေးသား ဖော်ပြထားသည်။
(Xinhua)
http://www.xinhuamyanmar.com
Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment