iOS Device များကို Firmware တင်ရင်းဖြစ်တက်တဲ့ Error တွေထဲမှကျတော်ခေါင်းစားခဲ့တဲ့ Error လေးတစ်ခု
ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကျတော် iOS Device တွေကို Firmware တင်လာခဲ့သမျှမှာ ခုမှစပြီး
သတိထားမိတဲ့ Error လေးပါ။ iPhone 5 တစ်လုံးကို Firmware တင်တော့ Error တွေက error 14 ပြလိုက်
error 2003 ပြလိုက် error 1394 ပြလိုက်နဲ့ဆိုတော့ ကျတော်လဲ Online မှာရှာကြည့်တယ်။ iTune lasest
မဖြစ်တဲ့ Error ပဲပြောနေတယ် နောက်ဆုံး ကျတော်လဲ version 12.3.1.23 လက်ရှိ Lastest ဖြစ်နေတဲ့
version ကို Down ပြီးတင်ကြည့်တယ်။ အဆင်မပြေဘူး။ ကျတော်သတိမထားမိတာပါ။ ဘာကြောင့်ဖြစ်တာလဲ
စဉ်းစားရင်းနဲ့ နောက်ဆုံး USB ကြိုးဆီအသိကရောက်သွားလို့ ကြည့်လိုက်မိတော့မှ ကြိုးက Original ကြိုး
မပာုတ်တာကို သတိထားမိတယ်။ အရင်က ဒီကြိုးနဲ့မတင်ဖူးဘူး ဒါပေမဲ့ Music / Photo / Contact စတာတွေကိုတော့
ဒီကြိုးလေးနဲ့ အထုတ်အသွင်းလုပ်နေတာ ဆိုတော့အဆင်ပြေမယ်ထင်ခဲ့တာပါ။ ဒါနဲ့ကြိုးလေးလဲပြီး Firmware လဲပြန်တင်
ရော ကိုယ်တော်ချောက ချက်ချင်းအလုပ်လုပ်ပေးသွားပါရော။ ဒါကြောင့် ကျတော်နဲ့ပုံစံတူ Error လေးတွေတက်ခဲ့ရင်
အဆင်ပြေစေရန် ပြန်လည်အကြံပြုပေးလိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျာ။ အခြား Error များတွေ့ကြုံခဲ့ရင်လည်းထပ်မံမျှဝေ
ပေးပါအုံးမယ်။

Remark >>> Original မဖြစ်တဲ့ USB ကြိုးတိုင်းအဆင်မပြေတာတော့ မပာုတ်ဘူးလို့ထင်ပါတယ်။
အဆင်ပြေတဲ့ကြိုးတွေလည်း ရှိပါတယ်။ Original ကြိုးမရှိတော့လို့ ကြိုးဝယ်သုံးမယ်ဆိုရင်တော့
သေချာစမ်းသပ်ပြီးမှ ၀ယ်သုံးနိုင်အောင် အကြံပြုလိုက်ပါတယ် ခင်ဗျာ။

Ko Htoo ( MMAS )
No comments:
Post a Comment