Samsung ဟာ ၂၀၀၃ ခုနှစ်ဝန်းကျင်လောက်က ခေါက်ဖုန်းများ ထုတ်လုပ်ပြီး အောင်မြင်ပါတယ်။ သူတင်မကပဲ အဲ့အချိန်က အခြားသော ပြိုင်ဘက်များဟာလည်း ခေါက်ဖုန်းမှာ အောင်မြင်ပါတယ်။ ယခု လက်တလောပဲ LG ဟာ Android OS သုံးတဲ့ ခေါက်ဖုန်းတစ်မျိုးကို ထုတ်တာကြောင့် Samsung လည်း အားကျ မခံ လိုက်ထုတ်တော့မှာ ဖြစ်ပါတယ်။ ယင်းခေါက်ဖုန်းဟာ ဈေးသက်သာမယ့် ခေါက်ဖုန်းတော့ မဟုတ်ပါဘူး။ ဈေးကြီး ခေါက်ဖုန်း ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းလို့ ပြောဆိုနေကြပြီး ဖန်သားပြင်က နှစ်ခုတောင် ပါဝင်ပါတယ်။ Android 5.1.1 Lollipop OS ကို အသုံးပြုထားပါတယ်။ octa-core 64-bit processor ကို အသုံးပြုပြီး 3GB RAM ပါဝင်ပါတယ်။ Storage ကလည်း 64GB ဆိုတော့ မနည်းပါဘူး။ SD ကဒ် ထည့်လို့ ရမရတော့ မသိသေးပါ။ ပုံစံကိုတော့ အတတ်နိုင်ဆုံး သစ်ဆန်းအောင်ပြုလုပ်မှာ ဖြစ်ပေမယ့် ယခင် Samsung ခေါက်ဖုန်း ပုံစံကို သိပ်မသွေဖယ်တာကြောင့် သိပ် သိသိသာသာကြီးတော့ ထူးခြားမယ်လို့ မထင်ပါဘူး။ တစ်ခုထူးခြားတာကတော့ Screen နှစ်ခုပါခြင်း ဖြစ်ပါတယ်။ ဖန်သားပြင်ကတော့ ၃ လက်မနဲ့ ၄ လက်မ ကြားမှာပဲ ရှိမှာပါ။ SM-W2016 လို့အမည်ပေးထားပါတယ်။
Celebrity တွေကို target ထားမယ့် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ အဆိုတော အဒဲလ်ရဲ့ MTV မှာအပြင် အခြားသော အဆိုတော်များဟာ ခေါက်ဖုန်းများကို ကိုင်တွယ်ပြီး ရိုက်ကူးဖန်တီးမှုတွေကို တွေ့မြင်လာရပြီး ဒါဟာ Samsung ရဲ့ ဈေးကွက် ပြန်လည်ဆွဲဆောင်တဲ့ ဗျူဟာ တစ်ခုလေလားလည်း ထင်မြင်နေကြပါတယ်။ အကြောင်းကတော့ ယင်း ခေါက်ဖုန်းများဟာ ဘယ် brand လည်း ဆိုတာကို သေချာ မသိရသေးလို့ပါ။
အကယ်၍ ခေါက်ဖုန်းတွေပြန်ထွက်လာရင် keypad လေးတွေပါတာကြောင့် မိတ်ဆွေတို့ဆိုရင်ကော သုံးဖြစ်မလားဗျာ့..
Ref: dailymail
အောင်ခမ်း (MMA)
အောင်ခမ်း (MMA)
No comments:
Post a Comment