iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 11, 2015

ATM စက် နှစ်ခုမှ ငွေထုတ်ကတ်အတုဖြင့် ငွေများခိုးထုတ်ခဲ့သူ ဘူဂေးရီးယားနိုင်ငံသားကို ငွေကျပ် ၄၉၂ သိန်းကျော်နှင့် အတူ ဖမ်းဆီးရမိ



ကမာရွတ်မြို့နယ် KBZ ဘဏ်၏ ATM စက်နှစ်ခုမှ ငွေဖြည့်ကတ် အတုများဖြင့် ငွေများခိုးထုတ်ယူခဲ့သည့် ဘူဂေးရီးယားနိုင်ငံသားအား ဒီဇင်ဘာ ၁၁ ရက် နံနက် အစောပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်ထွဋ်ထံမှ စုံစမ်းသိရှိရသည်။

၎င်းကို ကျောက်တံတားမြို့နယ်ရှိ City Star Hotel အခန်းနံပါတ် ၄၀၃ တွင် ငွေကျပ် ၄၉၂ သိန်းကျော်ဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက်က ကမ္ဘောဇဘဏ် ATM ကတ်ဌာနတွင် ငွေလဲလှယ်/ဖြည့်တင်းသည့် ၀န်ထမ်းဖြစ်သူ ကို....... (၂၅)နှစ်သည် လှည်းတန်း စိန်ဂေဟာရှေ့နှင့် လှည်းတန်းစင်တာ ရှေ့တွင်ရှိသည့် ATM  စက်များရှေ့တွင် TKMAXX တစ်ကတ်စီ တွေ့ရှိသဖြင့် ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ လက်ထောက်မန်နေဂျာ ဖြစ်သူအား အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကမ္ဘောဇဘဏ် ATM ကတ် ဌာနမှ တာဝန်ရှိသူအချို့မှ ယင်းကတ်နှစ်ကတ်အား IT ဌာနတွင် စစ်ဆေးရာ ဗီဇာကတ် Data များ တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထိုသို့ စစ်ဆေးချက်များအရ နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီကျော်ခန့်တွင် လှည်းတန်း စင်တာရှိ ATM စက်နှင့် လှည်းတန်းစိန်ဂေဟာ ရှေ့ရှိ ATM စက်တို့တွင် ဘူဂေးရီးယား နိုင်ငံသားတစ်ဦးမှ VISA ကတ်အတု၊ MASTRO ကတ်အတုနှင့် MASTER ကတ်အတုတို့ဖြင့် စုစုပေါင်းငွေ ၁၈ သိန်းအား ထုတ်ယူသွားခဲ့ကြောင်း သိရသည်။

ငွေထုတ်ကတ် အတုများဖြင့် ငွေများ လိမ်လည် ထုတ်ယူသွားသည့် ဘူဂေးရီးယား နိုင်ငံသားအား ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက တရားလိုပြုလုပ်ပြီး ကမာရွတ်မြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် (ပ)၄၉၆/၂၀၁၅  ပြစ်မှုပုဒ်မ ၃၈၀/၄၆၈ ဖြင့်အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ၎င်းမှာ ယခု ကျူးလွန်သည့် ခိုးမှုတင် မကဘဲ အခြား ခိုးမှုများပါ ကျူးလွန်ထားသည်ဟု ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်အရ သိရသည်။

No comments:

Post a Comment