iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 11, 2015

ရှေ့မှအငှားယာဉ်အား ရှောင်တိမ်းမောင်းနှင်စဉ် အရှိန်လွန်ကာ လမ်းဘေးသစ်ပင်အား တိုက်မိ



ရန်ကုန်၊ ဒီဇင်ဘာ ၁၁

၁၀.၁၂.၂၀၁၅ ရက်နေ့ ၁၄၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအတိုင်း စော်ဘွားကြီးကုန်း ဘက်မှ မင်္ဂလာဒုံဘက်သို့ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်နေ ယာဉ်မောင်း ဦးဝင်းထွဋ် မောင်းနှင် လာသော 8L---- လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်(ဘုရားဖူး)ယာဉ်သည် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ ဒါရ်ကာကွေ့အရောက် ၎င်းရှေ့မှ အငှားယာဉ်အားတိမ်းရှောင်စဉ် အရှိန်လွန်ကာ လမ်းဘေးသစ်ပင်အားဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်း ဦးဝင်းထွဋ်မှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပါသည်။

ယာဉ်ပေါ်ပါဒဏ်ရာရရှိသူများအား အင်းစိန်ဆေးရုံသို့ပို့အပ်ခဲ့ရာ အုတ်ဖိုမြို့နယ်၊ သပြေကုန်းကျေးရွာနေ ဒေါ်ကြွေပါ အမျိုးသမီး(၅)ဦးမှာ အင်းစိန်ဆေးရုံ၌ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ပြီး သံဃာ(၁)ပါးနှင့် အမျိုးသမီး(၄)ဦးမှာ အင်းစိန်ဆေးရုံ၌ အတွင်းလူနာများအဖြစ် ကုသမှုခံယူလျက် ရှိပါသည်။ ယင်းသို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်အတွက် မင်္ဂလာဒုံမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

(Yangon Police)

https://www.facebook.com/yangonpolice

No comments:

Post a Comment