iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 11, 2015

မန်ယူအသင်းသို့ ပြောင်းရွှေ့မည့်ကိစ္စနှင့်ပတ်သက်၍ မှတ်ချက်မပေးနိုင်ဟု ရော်နယ်ဒိုပြော



ရီးယဲလ်အသင်း၏ တိုက်စစ်မှူး ရော်နယ်ဒိုက အသင်းဟောင်း မန်ယူသို့ ပြန်လည်ပြောင်းရွှေ့မည်ဆိုသည့် သတင်းများနှင့်ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်းပြောဆိုခဲ့ပြီး မည်သည့်အသင်းသို့ သွားရောက်ကစားရသည်ဖြစ်စေ ၎င်းအတွက် ပြသနာမရှိနိုင်ဟု ဆိုလိုက်သည်။
ထို့အပြင် ရော်နယ်ဒိုက အကယ်၍ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရမည်ဆိုပါကလည်း မိမိငြင်းဆန်မည်မဟုတ်ဟု ပြောသည်။
ရီးယဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွင် သွင်းဂိုး(၁၁) ဂိုးအထိ သွင်းယူခဲ့ပြီး စံချိန်သစ်တင်ခဲ့သည့် ရော်နယ်ဒိုအား မန်ယူသို့ပြန်လာလျှင် ကြိုဆိုနေမည်ဟု နည်းပြ ဗန်ဟားလ်က ဆိုခဲ့သော်လည်း ရော်နယ်ဒိုမှာမူ ရှေ့ဆက်ဖြစ်လာနိုင်မည့်အခြေအနေကို မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
"မန်ယူမဟုတ်တဲ့ အခြားတစ်သင်းမှာ သွားရောက်ကစားဖို့ဆိုတာကတော့ ကျွန်တော့်အတွက် ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ဘာကိုမှ ရာနှုန်းပြည့် အာမ မခံနိုင်ပါဘူး။ မန်ယူအသင်းနဲ့ ပတ်သက်တဲ့အပြောင်းအရွှေ့မေးခွန်းတွေအတွက်တော့ ကျွန်တော် မှတ်ချက်မပေးချင်သေးဘူး" ဟု ရော်နယ်ဒိုက ပြောသည်။
ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကလည်း ရော်နယ်ဒိုအား ခေါ်ယူလိုနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီး မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ကို အသုံးပြုသွားရန် ဆန္ဒရှိနေသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။
ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း
By : T1

No comments:

Post a Comment