iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, December 9, 2015

နမ္မတူမြို့နယ်အတွင်းအစိုးရတပ်နှင့် တအာင်းတပ်တို့တိုက်ပွဲဖြစ် ရွာသားတဦးသေ၊ ရွာမီးရှို့ခံရ

ဓါတ်ပုံ- မီးရှို့ခံရ ၀မ့်ပန်ကန်းရွာနှင့် လယ်ယာများတွင်တဲထိုးနေထိုင်ရသည့် ဒေသခံများ၏အခြေအနေ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်အုပ်စု ပန်ကန်းရွာအား အစိုးရ တပ်မှ မီးရှို့ဖျက်ဆီးသဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်ပြီး လယ်ယာ လုပ်ငန်းခွင်နှင့်နီးသောနေရာတွင် ရပ်ရွာအသစ်တည် ကာ နေထိုင်ရကြောင်း စုံစမ်းသိရှိရသည်။

မီးရှို့ခံရပန်ကန်းရွာမှ ရွာသား ၁၇၀ ကျော်သည် ပန်ကန်းရွာတောင်ဘက် ၁ မိုင်ခန့်အကွာရှိ ကောင်းဆိုင်း တောင်ပေါ် ဝမ့်စန်းရွာ(ရွာဟောင်း)တွင် ဒီဇင် ဘာလ ၈ ရက်နေ့က ဘုန်းကြီးကျောင်း၊ ရပ်ရွာအိုးအိမ်သစ် စတင် ထူထောင် ကာ အခြေချနေထိုင်ကြရသည်။

“ကျနော်တို့နေတဲ့ပန်ကန်းရွာကိုအစိုးရတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ လယ်တုန်း က မီးရှို့လိုက်တာ။ ဘာပစ္စည်းမှမရလိုက်ဘူး။ အသက်လု ထွက်ပြေးရ တယ်လေ။ မြို့ထဲမှာတော့မနေချင်ဘူး။ လယ်ယာ လုပ် ငန်းခွင်နဲ့နီးတဲ့ ဒီနေ ရာ ဘဲနေချင်တယ်။ အဲ့ကြောင့်တရွာလုံးက ဒီမှာရွာသစ်တည်ဖို့ သဘော တူကြ တာ။” - ဟု ဝမ့်ပန်ကန်းရွာသား အကြီးအကဲတဦးကပြောသည်။

မိုင်းယင်အုပ်စုဝင် အိမ်ခြေ ၃၅ အိမ်ရှိ ပန်ကန်းရွာသားများအား TNLA တအာင်း(ပလောင်) လက်နက် ကိုင်တပ်ဖွဲ့၏ အမာခံရွာဟုဆိုကာ ပြီးခဲ့သည့် လ ၁၄ ရက်ကတကြိမ် ရွာကိုမီးရှို့ခဲ့ကြောင်း၊ မီးမလောင် ကုန်ဘဲ ကျန်သည့် အိမ်များကိုလည်း နိုဝင်ဘာ ၂၉ ရက် က အစိုးရတပ်ကထပ်မံမီးတင် ရှို့လိုက်ေ ကြာင်း၊ ထို့အတွက် ရွာသား များမှာ အိမ်ယာမဲ့ကာ တောတောင်သို့ ဝင်ေ ရာက် ပုန်းရှောင်ခဲ့ရကြောင်း ရွာသားများပြန်လည်ပြောပြချက်အရသိရသည်။

လက်ရှိတွင်ရွာသားများအထူးလိုအပ်သည်မှာ အိပ်ရာထိုင်ခင်းအဝတ် အစားနှင့်ဆေးဝါး များဖြစ် ကြောင်းသိရသည်။အစိုးရစစ်ကြောင်းက တပ်မ ၈၈ လို့အကျီမှာတွေ့တယ်။ အင်အား ၃၀၀ လောက်ရှိတယ်။ ပလောင် တပ်ဖွဲ့ကိုရှာမလို့တဲ့ လမ်းပြဖို့ ယာတော ကပြန်လာချိန်တဲ့ ရွာသား အိုက်လ ကို ပေါ်တာဖမ်း သွား တယ်။ နိုဝင်ဘာ ၁၃ က ပေါ့။ ရွာနဲ့သိပ်မဝေးတဲ့နေရာရောက်ရော ပလောင်တပ်ဖွဲ့ နဲ့ တိုးပြီး တိုက်ပွဲဖြစ်တယ်။ ဗမာတပ်သား ၄ ယောက် သေတယ်။ အိုက်လလဲ သေ တယ်။ အဲတာပြီးတာနဲ့ ဗမာစစ်ကြောင်းက နိုဝင်ဘာလ ၁၄ ရက်နဲ့ ၂၉ ရက် မှာ ရွာကိုမီးလာရှို့တာ။” - ဟု ရွာသား ဦးအိုက်ယီ့ ကပြောသည်။

အစိုးရ တပ် နှင့် တအာင်း TNLA ကြားတိုက်ပွဲကြောင့်သေဆုံးသည့်ရွာသား စိုင်းလ (အသက် ၃၇)နှစ်တွင် ဇနီးသည်နှင့် တစ်နှစ်ကျော်အရွယ် သမီး လေး တဦး၊ ၃ နှစ်အရွယ် သားတဦး ကျန်ရစ် ခဲ့သည်ဟုသိရသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်မှ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ များ အား ထိုးစစ်ဆင် တိုက်ခိုက်သောကြောင့် ဒေသခံများ နေရပ်စွန့်ခွါ စစ်ဘေးရှောင်ကြရပါသည်။


(PangLong Burmese)

https://www.facebook.com/Panglong.burmese

No comments:

Post a Comment