iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, December 9, 2015

စင်ကာပူ အစိုးရမှ Facebook အသုံးပြုသူတို့ရဲ့ အချက်အလက်များကို စောင့်ကြည့်နေ

facebook

စင်ကာပူ အစိုးရမှ Facebook အသုံးပြုနေကြသော user တို့ရဲ့  Data အချက်အလက်များကို မြောက်မြားစွာသော အကြိမ်အရေအတွက် များဖြင့် တောင်းခံခဲ့ကြောင်း  စင်ကာပူ နိုင်ငံရဲ့  Social Media အသုံးပြုသည့် အဖွဲ့အစည်းတစ်ခုမှ Global Government သို့ ကြောင်းကြားတင်ပြခဲ့ပါတယ်။  စင်ကာပူ အစိုးရဟာ စင်ကာပူ နိုင်ငံမှာ ရှိတဲ့ Facebook အသုံးပြုသူတို့ရဲ့ အချက်အလက်များကို ၂၀၁၅ ခုနှစ်ရဲ့ ပထမခြောက်လအတွင်းမှာ  ၁၉၈ ကြိမ်တောင်းခံခဲ့ပါတယ်။ ယခု အကြိမ်အရေအတွက်ဟာ မနှစ်က ဂျူလိုင်လမှ ဒီဇင်ဘာလအထိ တောင်းခံခဲ့တဲ့ အကြိမ်အရေအတွက်အထက် ၁၁.  ရာခိုင်နှုန်းမြှင့်တက်လာပါတယ်။
ယခုရရှိထားတဲ့  Facebook အသုံးပြုသူ ၂၁၃ ယောက်ရဲ့  သို့မဟုတ် ၂၁၃ အကောင့်တို့ဟာ စင်ကာပူအစိုးရရဲ့  ပစ်မှတ်ထား စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။ အဆိုပါ ၂၁၃ ယောက်ဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တောင်ခံထားတဲ့ အကောင့်များဖြစ်ပြီး ၂၀၁၄ ခုနှစ်က ခြောက်လအတွင်း တောင်းခံထားတဲ့ Facebook အကောင့်များဖြစ်တဲ့ ၁၉၄ အကောင့်ထက် ၉.၈ရာခိုင်နှုန်းများပြားလာပါတယ်။
ကမ္ဘာတစ်ဝှမ်းအတိုင်းအတာနဲ့ပြောရမယ်ဆိုရင်တော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အစိုးရတာဝန်ရှိသူတွေဟာ Facebook အသုံးပြုသူတို့ရဲ့  အချက်အလက်များကို တောင်းခံနေတယ်လို့ Facebook မှထုတ်ပြန်ကြေငြာထားပါတယ်။တစ်ကမ္ဘာလုံးအတိုင်းအတာအရ၃၅၀၅၁အကြိမ်အရေအတွက်မှ၄၁၂၁၄အကြိမ်အရေအတွက်ထိတိုးတက်လာပြီး၁၈ရာခိုင်နှုန်းခန့်တိုးတက်လာတယ်လို့ပြောကြားထားပါတယ်။
၂၀၁၅ ခုနှစ်ရဲ့ ပထမ ခြောက်လအတွင်းမှာတောင်းခံထားတဲ့ အချက်အလက်ခိုင်လုံတဲ့ တောင်းခံမှုတွေကတော့ ၇၄.၆၂ ရာခိုင်နှုန်းရှိပြီး Facebook မှ ထုတ်ပေးခဲ့တဲ့ အချက်အလက်များမှာ ဥပဒေအရ အကြောင်းအရင်းခိုင်လှုံပြီး  ပြစ်မှုကျူးလွန်သူတို့ရဲ့ အချက်အလက်တွေကိုသာ ထုတ်ပေးခဲ့ပါတယ်။ Facebook ကို လာရောက် တောင်းခံတဲ့ Facebook အသုံးပြုသူတို့ရဲ့ အချက်အလက်များကို တစ်ခုချင်းစီ သေချာစွာ စစ်ဆေးပြီး တရားဥပဒေအရ ငြိစွန်းနေတဲ့အသုံးပြုသူတို့ရဲ့  တောင်းခံမှုတွေကိုသာလက်ခံထုတ်ပြန်ပေးသွားတာဖြစ်ပါတယ်။
ပွင့်လင်းမြင်သာမှု ရှိစေရန် တင်ပြခြင်း
Social Media အသုံးပြုသည့် အဖွဲ့အစည်းတစ်ခုမှ Global Government သို့ ကြောင်းကြားတင်ပြခြင်းက အစိုးရ အဖွဲ့ အစည်းများအနေဖြင့် Facebook အသုံးပြုသူများရဲ့အချက်အလက်များအပေါ်စိစစ်နေခြင်းကိုပွင့်လင်းမြင်သာမှုရှိစေရန်ရည်ရွယ်ပါတယ်။
ယခုလို ထုတ်ပြန်ချက်များကို ၂၀၁၃ ခုနှစ်ကတည်းက ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ပြီး အစိုးရ အဖွဲ့ အစည်းများအနေဖြင့်Facebook အသုံးပြုသူများရဲ့ ကိုယ်ရေး အချက်အလက်များကို စောင့်ကြည့်နေခြင်း များကို ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ နိုင်ငံ အသီးသီးမှ Facebook  အသုံးပြုသူတို့အပေါ်  ပွင့်လင်းမြင်သာမှုရှိစေရန်အတွက်ဦးစားပေးရည်ရွယ်ထားပါတယ်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်များအရ Facebook  အသုံးပြုသူတို့ရဲ့  သတင်းအချက်အလက်များကို အမေရိကန် အစိုးရဟာ ၁၇၅၇၇ ကြိမ်  ၊ အိန္ဒိယနိုင်ငံကတော့ ၅၁၁၅ ကြိမ် တောင်းခံခဲ့ ပြီး  United Kingdomကတော့ ၃၃၈၄ ကြိမ် တောင်းခံခဲ့ပါတယ်။ ဒါကြောင့် စင်ကာပူနိုင်ငံဟာ Facebook ဆီမှ အသုံးပြုသူတို့ရဲ့ သတင်းအချက်အလက်များကို တောင်းခံတဲ့ နိုင်ငံပေါင်း ၉၂ နိုင်ငံထဲမှ အဆင့် ၂၀ မြောက်  နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
Facebook ရဲ့ ထုတ်ပြန်ချက်အရတော့ Facebook အသုံးပြုသူတို့ရဲ့ သတင်းအချက်အလက်များကို  အိန္ဒိယ အစိုးရဟာ အရေအတွက်အမြင့်မားဆုံးအကြိမ်အရေအတွက်ဖြစ်တဲ့ ၁၅၁၅၅ အကြိမ်အရေအတွက်ကိုလည်း တောင်းခံထားပြီး သူ့အနောက်မှာ တူရကီက ၄၄၉၆ ကြိမ် ၊ ပြင်သစ်က ၂၉၅ ကြိမ်တို့ Facebook မှတောင်းခံခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။
ဆက်လက်တိုးမြှင့်လာအုံးမဲ့ အစိုးရရဲ့  တောင်းခံမှုများနဲ့ အသုံးပြုသူတို့ရဲ့  ဥပဒေဆိုင်ရာ အချက်အလက်များ
ယခုကဲ့သို့ ကမ္ဘာ့ နိုင်ငံအသီးသီးမှ အစိုးရ အဖွဲ့အစည်းများအနေဖြင့် တရားဥပဒေဆိုင်ရာ အချက်အလက်များကို Facebook ဆီမှ ဆက်လက် တောင်းခံသွားမဲ့ အခြေအနေမှာရှိကြောင်း Facebook မှ ထုတ်ပြန်ထားပါတယ်။ ၂၀၁၄ ခုနှစ်ရဲ့ဒုတိယ လဝက်မှာရှိတဲ့ တရားဥပဒေဆိုင်ရာနှင့် ငြိစွန်းနေတဲ့  Facebook အသုံးပြုသူတို့ရဲ့  သတင်းအချက်အလက်များကို တောင်းခံထားတဲ့အရေအတွက်ဟာ  ယခုနှစ်မှာ၁၁၂ရာခိုင်နှုန်းခန့်ပိုမိုများပြားလာပါတယ်။တူညီတဲ့အချိန်အတိုင်းအတာအတွင်းမှာပဲကမ္ဘာအနှံ့အပြားရှိနိုင်ငံအသီးသီးမှာရှိတဲ့အစိုးရအဖွဲ့အစည်းများဟာမနှစ်ကထက်ဒီနှစ်မှာ၁၈ရာခိုင်နှုန်းခန့်တိုးမြှင့်ကာတောင်းခံထားပါတယ်။
ယခုကဲ့သို့ တောင်းခံမှုများပြုလုပ်သွားပေမဲ့လည်း Facebook အနေနဲ့ အသုံးပြုသူတို့ရဲ့ သတင်းအချက်အလက်များကို ထုတ်ပြန်ပေးသွားခြင်းမရှိပါဘူး။ အမေရိကန် နှင့် ဥရောပ နိုင်ငံ ကြီးများအပြင် အခြား နိုင်ငံ အသီးသီးရဲ့ ဘယ်လောက်ကြီးတဲ့ နို်င်ငံ ဖြစ်နေပါစေ Facebook သို့ လာရောက်တောင်းခံသည့် သတင်းအချက်အလက်များကို ဥပဒေအရ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိပဲနဲ့ ဘယ်တော့မှ ထုတ်ပေးမှာမဟုတ်ပဲ အကယ်၍ အချက်အလက် ခိုင်လုံမှု မရှိပဲ အတင်းတောင်းခံလာပါက Facebook အသုံးပြုသူတို့ဘက်မှ တရားရင်ဆိုင်ပေးသွားမှာဖြစ်ကြောင်းလည်း Facebook မှ ပြောရေးဆိုခွင့်ရှိသူ Chris Sonderby ကပြောဆိုခဲ့ပါတယ်။
Ref : channelnewsasia
Aung Ko Htet (MMA)

No comments:

Post a Comment