iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, December 10, 2015

၂၅ နာရီကြာ ဖုန်းပြောနိုင်မည့် IPHONE BATTERY CASE ကို APPLE မိတ်ဆက်



iPhone 6S အတွက် Apple မှထုတ်လုပ်ထားသော Smart Battery Case သည် ဖုန်းအားကုန်လွယ်သောကြောင့် စိတ်ညစ်နေသူများ ကြုံတွေ့နေရသည့် ပြဿနာကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။

Smat Battery Case ၏ တန်ဖိုးမှာ ၉၉ ဒေါ်လာဖြစ်သည်။ ၎င်းသည် ၂၅ နာရီအထိ ဖုန်းပြောဆိုမှု ပြုလုပ်နိုင်ပြီး ဗီဒီယိုများကို နာရီ ၂၀ အကြာ ကြည့်ရှုနိုင်ကာ မြန်နှုန်းမြင့် 4G LTE ကွန်ရက်တွင် အင်တာနက်ကို ၁၈ နာရီအထိ အသုံးပြုနိုင်ကြောင်း Apple မှ ပြောကြားခဲ့သည်။

၎င်းဘက်ထရီကို Apple ၏ စံသတ်မှတ်ချက်အတိုင်း Lightning connector ဖြင့် အားသွင်းရမည်ဖြစ်သလို iPhone lock မျက်နှာပြင်နှင့် notification center မှ battery case ၏ အားသွင်းမှု အခြေအနေကို ဖော်ပြပေးမည် ဖြစ်သည်။

Smart Battery Case ၏ ဘက်ထရီပမာဏမှာ 1,877 mAh ဖြစ်သည်။

Ref: CNET
Credit internetjournal

No comments:

Post a Comment