iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 11, 2015

ဘယ်သူမှ ချယ်လ်ဆီးကို မကြောက်ကြဘူးလို့ နည်းပြ Mourinho ပြော



ပေါ်တိုနောက်ခံလူ Marcano ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းဂိုးနဲ့ Willian ရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ပေါ်တိုကိုအနိုင်ရခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိချန်ပီယံလိဂ်မှာ အင်အားအနည်းဆုံးဖြစ်ပြီး သူတို့အသင်းနဲ့ ကစားချင်တဲ့အသင်းတွေများနေတယ်လို့ နည်းပြMourinho က ပြောပါတယ်။ ချယ်လ်ဆီးဟာ ၁၆ သင်းအဆင့် မှာတော့ ဂျန့် ၊ ရိုးမား ၊ ဘင်ဖီကာ ၊ ပီအက်စ်ဂျီ ၊ ဂျူဗင်တပ် ၊ ပီအက်စ်ဗွီအသင်းတို့နဲ့ ထိပ်တိုက်တွေ့ဆုံဖွယ်ရှိနေတာဖြစ်ပြီး ပြိုင်ဘက်အသင်းတွေဟာ ခြေစွမ်းပိုင်းအရအတော်လေး ကောင်းမွန်နေကြတာကြောင့် Mourinho က အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ 

" ကျွန်တော်တို့အသင်းရဲ့ ခြေစွမ်းဟာ ချန်ပီယံလိဂ်ကို စိန်ခေါ်နိုင်လောက်တဲ့အထိ မကောင်းမွန်ပါဘူး။ ဥရောပက အကောင်းဆုံးအသင်းတွေက ဒီမှာရှိနေတာပါ။ ကျွန်တော်တို့အသင်းနဲ့ လူတိုင်းကစားချင်နေကြပါတယ်။ သူတို့ဟာ ဘိုင်ယန် ၊ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ကစားရမှာတော့ ကြောက်တတ်ကြတယ်။ ဒါပေမယ့်လည်း ပေါ်တိုနဲ့ ၂၀၀၄ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတုန်းက ကျွန်တော်တို့ဟာ ပြိုင်ဘက်ကောင်းမဟုတ်ခဲဘူးလို့ ပြောခဲ့တယ်။ ၂၀၁၀ အင်တာအသင်းနဲ့ ချန်ပီယံလိဂ်ဖလားရတုန်းကလည်း အခုလိုပဲပြောခဲ့တာ။ ကျွန်တော် ပြိုင်ဘက်ကောင်းပါလို့ ပြောခဲ့တုန်းက ဆီမီးဖိုင်နယ်အရောက်မှာ ရှုံးတာပဲ။ ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးအသင်းကို နည်းပြတုန်းကပေါ့ ။ ဒါ့ကြောင့် ဘာတွေဖြစ်လာမယ်ဆိုတာ ခင်ဗျားမသိပါဘူး " လို့ Mourinho က စကားကို ပါးပါးနပ်နပ်နဲ့ ပြောဆိုခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ကောင်းမွန်တဲ့ ကစားပုံကို ပြန်ပြနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ပရီးမီးယားလိဂ်မှာ သူတို့အသင်းပြန်လာနိုင်မယ်လို့ မျှော်လင့်နေပြီး အရှုံးတွေကနေ ရုန်းထွက်နိုင်မယ်လို့ အသင်းသားတွေက ယုံကြည်နေကြပါတယ်။ Mourinho ကတော့ ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ထိပ်ဆုံးလေးသင်းနေရာအတွက် သူတို့အသင်းက လမ်းကြောင်း သွေဖယ်သွားပြီလို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း Mourinho က " သချာင်္နည်းနဲ့ တွက်မယ်ဆိုရင် ဖြစ်နိုင်ပါသေးတယ်။ ကျွန်တော်တို့ ပွဲတိုင်းမှာ အမှတ်ပြည့်ရဖို့ ကြိုးစားသွားကြမှာပါ။ အုပ်စုတက်ဖို့ တစ်မှတ်ပဲလိုတာတောင် အနိုင်ကစားနိုင်ခဲ့တာကြောင့် ထိပ်ဆုံးလေးနေရာအတွက်တော့ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ထိပ်ဆုံးလေးသင်းစိန်ခေါ်မှုကို လက်ခံလိုက်ကြစမ်းပါ " လို့ သူ့အသင်းသားတွေကို အားပေးစကားပြောကြားခဲ့ပါတယ်။ 

(Paing A K)

No comments:

Post a Comment