iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, December 9, 2015

ရီးရဲလ်အသင်းသားတွေက Pique ရဲ့ လှောင်ပြောင်မှုတွေကို အပြင်းအထန် ပြန်လည်တုံ့ပြန်


ရီးရဲလ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ Ronaldo နဲ့ Arbeloa တို့ဟာ ဘာစီလိုနာနောက်ခံလူ Pique ရဲ့ Twitter စာမျက်နှာပေါ်က လှောင်ပြောင်မှုတွေကို  စကားကြွယ်ကြွယ်နဲ့ မခံချိမခံသာဖြစ်အောင် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ 

 Gerard Pique  ဟာ စပိန်ဘုရင့်ဖလားပြိုင်ပွဲကနေ ရီးရဲလ်ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာ သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ ရယ်နေတဲ့ emoji တွေနဲ့ လှောင်ပြောင်ခဲ့တာပါ။

ရီးရဲလ်အသင်းဟာ ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့် လူငယ်ကစားသမား Cherishev ကို လူစာရင်းမှာ မှားယွင်းပြီးထည့်သွင်း အသုံးပြုခဲ့တာကြောင့် အခုလို ဘုရင့်ဖလားကနေ ထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ 





ဒီဖြစ်ရပ်တွေကို လှောင်ပြောင်ခဲ့တဲ့ Pique ကိုတော့ ရီးရဲလ်နောက်တန်းကစားသမား  Arbeloa က မဲလ်မိုအသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ  ပြင်းပြင်းထန်ထန် ပြန်ဝေဖန်ခဲ့ပါတယ်။ 

" Pique ရဲ့ စိတ်ထဲမှာ ကျွန်တော်တို့ကို လှောင်ပြောင်ဖို့လောက်ပဲ ရှိနေပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ဟာသလူရွှင်တော်က သူပါပဲ။ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ သူတို့ ကျွန်တော်တို့ကို မယှဉ်နိုင်ခဲ့ပါဘူး " လို့ Arbeloa က ပြောခဲ့တာပါ။ 

ဒါ့အပြင် ချန်ပီယံလိဂ်  အုပ်စုတွင်း ဂိုးသွင်းစံချိန်တင်နိုင်ခဲ့တဲ့ Cristiano Ronaldo ကလည်း " ကျွန်တော့်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောစရာသိပ်မရှိပါဘူး။ ကျွန်တော့်ရဲ့ ကျော်ကြားမှုကို ဒီလိုဖြစ်စဉ်တွေမှာ အလဟသ မဖြစ်စေချင်ဘူး။ ဒီအကြောင်းအရာတွေ ပြောနေရင် ကျွန်တော့်ရဲ့ တန်ဖိုးရှိလွန်းတဲ့ အချိန်တွေကို ဖြုန်းတီးနေသလို ဖြစ်နေမှာပေါ့ " လို့ ပြောပါတယ်။

ဒါ့ကြောင့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကြားက ပြဿနာတွေက " အမှိုက်ကစ ပြာသာဒ်မီးလောင် " သလို ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာပါ။ 

(Paing A K)

No comments:

Post a Comment