အခုအခေတ်က Selfie ခေတ်ဆိုတော့ ဆဲလ်ဖီရိုက်တဲ့ Stick လေးတွေကလည်း ခေတ်စားလာပြီးနေရာတကာမှာ အသုံးပြုလာတာကို တွေ့လာရပါတယ်၊
ဒါပေမယ့် Selfie Stick ကိုယူဆောင်ရတာဟာ ၀န်တစ်ခုလိုဖြစ်နေတယ် လို့တွေးနေတဲ့လူတွေအတွက် StikBox ကုမ္ပဏီက Selfie Stick နဲ့ဖုန်းကာဗာ နှစ်မျိုး တွဲလျက်လုပ်ထားတဲ့ iPhone Selfie Stick Cover ကိုထုတ်ပြန်လိုက်ပါတယ်၊

သုံးစွဲသူတွေက ဆွဲထုတ်၊ လှည့်၊ ကင်မရာကိုနည်းနည်းချိန်ညှိ ပြီးတာနဲ့ သင်တို့ရဲ့မမေ့နိုင်စရာ အခိုက်အတန့်တွေကို လွယ်လွယ်ကူကူပဲ မှတ်တမ်းတင်နိုင်ပါပြီ၊
" ဒီ Stikbox လေးက သေးငယ်ပေါ့ပါးတဲ့ အလျူမီနီယံချောင်းလေးတွေကိုဆက်ထားတာဖြစ်ပြီး ဓာတ်ပုံ၊ ဗီဒီယို တွေကိုရိုက်မယ်ဆိုဆွဲထုတ်ပြီးရိုက် ခေါက်ပြီးပြန်သိမ်းထားရင် ကာဗာတစ်ခုလို ဖုန်းမှာရှိနေမှာပါ" လို့ Stikbok ရဲ့CEO Yekutiel Sherman ကဆိုပါတယ်၊
ဒီကေ့စ်လေးတွေကိုအရောင် ခုနှစ်ရောင်နဲ့နိုင်မှာဖြစ်ပြီး နောက်ထပ်ဒေါက်တစ်ခုအနေနဲ့ အသုံးပြုနိုင်တဲ့အပြင် iPhone 6 အတွက်ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်၊
လာမယ့် ၂၀၁၆ခုနှစ် မေလမှာ စတင်တင်ပို့ရောင်းချနိုင်ဖို့ မျှော်မှန်းထားပြီး ဈေးကတော့ ဒေါ်လာ44 လောက်ရှိလိမ့်မယ်လို့သိရပါတယ်၊
(Blue Lion)
No comments:
Post a Comment