iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, June 28, 2015

2019 မှာ ထွက်ရှိမယ့် Google ရဲ့ စမတ်မျက်ကပ်မှန်


ပုံမှာ မြင်တွေ့နေရတဲ့ မျက်ကပ်မှန်ဟာ Google မှ ထုတ်လုပ်တဲ့ စမတ် မျက်ကပ်မှန် ဖြစ်ပါတယ်။ သူ့ကို ကပ်ထားခြင်းဖြင့် ခန္ဓာကိုယ်မှာ ရှိတဲ့ သကြားဓာတ်များကို တိုင်းတာပေးပါတယ်။
အကယ်၍ သကြား၊ ဂလူးကို့စ်ဓာတ်ဟာ များနေပြီဆိုရင် မြှုပ်နှံထားတဲ့ LED မီးလုံး သေးသေးလေးများက လင်းပြီးတော့ အနီရောင် ကို ပေါ်စေမှာ ဖြစ်ပါတယ်။ ဒီတော့ အမြင်ထဲမှာ အနီရောင် မီးလင်းနေပြီဆိုရင် ကျန်းမာရေးအတွက် သတိထားရမယ့်အချိန် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကမှ စတင်ကြေညာခဲ့တဲ့ Google ရဲ့ ထုတ်ကုန်များထဲက တစ်ခု ဖြစ်ပြီး ဈေးကွက်ကို ရောက်ရှိစေမယ့် အချိန်ကတော့ ၂၀၁၉ ခုနှစ် ဖြစ်ပါတယ်။ သူ့ကို အဓိကကတော့ သွေးချို၊ ဆီးချို ရောဂါ နဲ့ အသက်ကြီးတဲ့သူများအတွက် ရည်ရွယ်ပြီးတော့ လုပ်ထားခြင်း ဖြစ်ပါတယ်။
ဒါက ပထမဆုံး ခြေလှမ်းဖြစ်ပြီး စမတ် မျက်ကပ်မှန်ကို အဲ့ဒီထက် ပိုအကျိုးရှိစေမယ့် ပစ္စည်းဖြစ်အောင် Google က ဆက်လုပ်အုံးမှာပါ။ ခေတ်လွန်ရုပ်ရှင်တွေမှာ မြင်တွေ့ရတဲ့ ပုံစံမျိုး မျက်စိထဲမှာ ကွန်ပြူတာလို ပေါ်လာတာလည်း တစ်နေ့ ဖြစ်လာပါလိမ့်မယ်။ Google အနေနဲ့ ယင်း မျက်ကပ်မှန်အတွက် မူပိုင်ခွင့်ပေါင်း ၅၅ ခု ယူထားပြီး ဖြစ်ပါတယ်။

Credit :အောင်ခမ်း (MMAS)

No comments:

Post a Comment