iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, June 28, 2015

ကွေးညွန့်နိုင်မည့် iPhone မျက်နှာပြင်


အနာဂတ်မှာ Apple ရဲ့ အိုင်ဖုန်းများကို ကွေးညွန့်နိုင်တဲ့ မျက်နှာပြင်များဖြင့် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ယခု လာမယ့် Generation တော့ မဟုတ်ပါဘူး။ Business Korea သတင်းဌာနမှ ထုတ်ပြန်ချက်အရ Apple ဟာ တောင်ကိုရီးယားမှ Display ထုတ် ကုမ္ဗဏီများနဲ့ စကားပြောနေပြီး OLED Display အစားထိုးရန် တိုင်ပင်နေပါတယ်။
လက်ရှိ Apple Watch ဟာဆိုရင်လည်း OLED flexible ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဟာ တည်ဆောက်ထားပုံမရ ကွေးလို့ မရပါဘူး။ အိုင်ဖုန်း အသစ်မှာဆိုရင် Retina Display မဟုတ်တော့ပဲ OLED ကို အစားထိုးဖို့ ဆွေးနွေးနေကြောင်း ဆိုပါတယ်။ လက်ရှိ Retina ဟာ ကောင်းပေမယ့် သူ့မှာ အရောင်စပ် အားနည်းချက် အနည်းငယ် ရှိနေသေးတာကြောင့် OLED ကို ပြောင်းလဲ သုံးရန် ဆွေးနွေးလာခြင်း ဖြစ်ပါတယ်။ နောက်ထပ် ခြေလှမ်းကတော့ ယင်း OLED ဟာ သာမန်မဟုတ်ပဲ ကွေးညွန့်ရတဲ့ OLED ဖြစ်ပါတယ်။
တောင်ကိုရီးယား LG ဟာ LCD စက်ရုပ်ကို OLED ဖန်သားပြင်ထုတ်တဲ့ စက်ရုပ်အဖြစ်လည်း ပြောင်းလဲလိုက်ပါတယ်။ ဒီတော့ Apple ဟာ OLED ကို LG ကနေပဲ မှာယူမှာ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့ ပထမဆုံး ကွေးညွန့်နိုင်တဲ့ အိုင်ဖုန်း ဖန်သားပြင်ကို မြင်တွေ့ရတော့မှာပါ။ ၂၀၁၈ ခုနှစ်ကနေ စတင် ပါဝင်လာမှာ ဖြစ်ကြောင်း ရေးသား ဖော်ပြ ထားပါတယ်။
Credit :အောင်ခမ်း (MMAS)

No comments:

Post a Comment