Samsung Galaxy S6 ကိုမှ အကြမ်းခံတဲ့ ဗားရှင်း ထုတ်လိုက်ပါပြီ။ သူက Finger Print မပါတော့ပဲ အခြားသော Specification အချို့လည်း အနည်းငယ်သာ ကျသွားပါတယ်။
Operating System ကတော့ Android 5.0.2 Lollipop ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်ကတော့ ၅.၁ လက်မ ဖြစ်ပြီး QHD (2560×1440) 577ppi Super AMOLED ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ Processor ကတော့ Octa-core 4×2.1GHz Samsung Exynos processor ဖြစ်ပါတယ်။ Storage 32 GB ရှိပြီး ကဒ်ထပ် ဖြည့်လို့ မရပါဘူး။ RAM 3GB LPDDR4 ကိုပဲ အသုံးပြုထား ပါတယ်။ ကင်မရာ 16MP ရှိပြီး OIS, ƒ/1.9, auto real-time HDR, low-light video, high clear zoom, IR detect white balance, virtual shot, slow motion, fast motion, pro mode, selective focus အစရှိသဖြင့်တို့ ပါရှိပါတယ်။ ရှေ့ကင်မရာကလည်း 5MP, ƒ/1.9, auto real-time HDR ဖြစ်ပါတယ်။ Fingerprint မပါပေမယ့် heart rate monitor တော့ ပါပါသေးတယ်။
ကျန်တဲ့ Feature များကတော့ Samsugn Galaxy S6 မှာ ပါဝင်တာများနဲ့ တူပါတယ်။ အရွယ်အစားကတော့ Samsung Galaxy S6 ထက် အနည်းငယ် ထူ၊ အနည်းငယ်ရှည်၊ အနည်းငယ် ကျယ်ပါတယ်။ သာမန် S6 ပေါ်မှာကို အခွံမာများ ထပ်ဖြည့်ထားတဲ့ ပုံစံ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၉၅ ဝန်းကျင်ရှိပြီး အချို့နိုင်ငံတွေမှာ စတင်ဖြန့်ချိနေပါပြီ။
Credit :အောင်ခမ်း (MMAS)
No comments:
Post a Comment