လူတန်းစားမရွေး Smart Phone အသုံးပြုနိုင်ရမည်ဆိုသည့် ရည်ရွယ်ချက်ကို ရှေးရှုကာ မြန်မာနိုင်ငံ၏ Smart Phone ဈေးကွက်တွင် နေရာ တစ်ခု ခြေကုပ်ရ ယူထားတဲ့ Huawei ဟာ အခုနှစ် ပထမ ခြောက်လအတွင်းမှာ အရင်နှစ်ကထက် ရောင်းအားတိုးတက်လာတယ်လို့ ကြေငြာခဲ့ပါတယ်။ Huawei ဟာ ၂၀၁၅ ရဲ့ ပထမ ခြောက်လအတွင်းမှာ smartphone ပေါင်း 48.2 သန်းကျော်ရောင်းခဲ့ရပြီး မနက်ကထက် 39 ရာခိုင်နှုန်း ရောင်းအား တက်သွားခဲ့ပါတယ်။
Huawei ရဲ့ Smart Phone ထုတ်လုပ်မှုဟာ တရုတ်နိုင်ငံမှာ အရင်ကထက် နှစ်ဆထက်မက ပိုပြီး မြှင့်တက်လာသလို ဥရောပ ၊အာဖရိက နှင့် အရှေ့အလယ်ပိုင်း တို့မှာလည်း ဈေးကွက်ကြီးထွားမှုကို ပိုမိုရယူပိုင်ဆိုင်လာတဲ့ Mobile Phone Brand တစ်ခုလည်းဖြစ်ပါတယ်။ Huawei အနေနဲ့ ဥရောပ ဈေးကွက်မှာ ရောင်းအားတိုးတက်လာတယ်ဆိုတဲ့ အကြောင်းကို အီတလီနဲ့ စပိန်တို့မှာရှိတဲ့ ရောင်းအားကိုကြည့်ပြီး ထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်တွင် Huawei Smartphone ဟာ ၇၅ သန်းရောင်းချနိုင်ခဲ့ပြီး ဒီနှစ်လယ်ပိုင်း ရောက်တဲ့အချိန်မှာ 48 သန်းကျော်ရောင်းချလာနိုင် သည့်အတွက် တရုတ်နိုင်ငံရဲ့ မိုဘိုင်းဖုန်းထုတ်လုပ်ခြင်းမှာ တစ်နှစ်ခွဲအတွင်းမှာ မိုဘိုင်းဖုန်း ထုတ်လုပ်မှု သန်း 100 ပြည့်ခြင်းကို ရောက်ရှိသွားစေခဲ့ ပါတယ်။ အလားတူပဲ Xiaomi ကလည်း ၂၀၁၅ ရဲ့ ပထမနှစ်ဝက်အတွက် ရောင်းအား ကြေငြာခဲ့ရာမှာ ၃၄.၇ သန်းအထိရှိနေခဲ့ပေမဲ့ Huawei ကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဈေးကွက်မှာ ရောင်းအားကောင်းသည့် Brand တစ်ခု အနေနဲ့ ထပ်မံဦးဆောင်နေအုံးမှာဖြစ်ပါတယ်။
Huawei ရဲ့ရောင်းအား အခုလို တက်သွားတဲ့အကြောင်းအရင်းကတော့ Huawei အနေနဲ့နောက်ထပ် Nexus Smart Phone တွေကို Huawei မှဦးဆောင်ကာ ထုတ်လုပ်တော့မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
Source : The Wall Street Journal
Aung Ko Htet (MMAS)
No comments:
Post a Comment