iCon
zawgyi သို့ မဟုတ် unicode
Friday, July 24, 2015
နေအိမ်များသို့ အခမဲ့မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုကို GOOGLE ချိတ်ဆက်ပေးမည်
ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Google သည်၎င်း၏ လက်ရှိနှင့် အနာဂတ် ဈေးကွက်များအတွင်းရှိ အခြေချနေထိုင် သူများထံသို့ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု အခမဲ့ပေးအပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ အပြောင်းအလဲသည် အိမ်ဖြူတော်နှင့် မြို့ပြနှင့်နေအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဌာနတို့က ထုတ်ပြန်ခဲ့သော Connect Home အစီအစဉ်နှင့် Google တို့ ပူးပေါင်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သည်။
Connct Home အစီအစဉ်သည် အင်တာနက် ဝန်ဆောင်မှုကို ၂၇ မြို့သို့ အခမဲ့ သို့မဟုတ် ကုန်ကျစရိတ် အနည်းငယ်ဖြင့် ချိတ်ဆက်ပေးသွားမည့် အစီအစဉ်ဖြစ်သည်။ သို့သော်လည်း Google အနေဖြင့် ၎င်း၏ Google Fiber ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အင်တာနက်ကို အခမဲ့အသုံးပြုခွင့် ပေးခဲ့ပြီးသော်လည်း ယခုအခါတွင် အင်တာနက် တပ်ဆင်ခ ကန်ဒေါ်လာ ၃၀၀ ကိုလည်း လျော့ပေါ့ပေးခဲ့သည်။
လက်ရှိတွင် Google Fiber သည် အော်စတင်မြို့၊ တက်ဆက်စ်ပြည်နယ် ကန်ဆတ်မြို့၊ ယူတာ့ပြည်နယ်၊ မစ်ဇူရီပြည်နယ်နှင့် ပရိုဗိုမြို့များတွင်ရှိပြီး အတ္တလန်တာမြို့၊ ချားလော့မြို့၊ တောင်ကာရိုး လိုင်းနားပြည်နယ်၊ နတ်ရှ်ဗီးလ်မြို့၊ ရာလိခ်ျဒါဟန် လေဆိပ်နှင့် ဆော့လိတ်မြို့ပေါ်သို့သွားရာ လမ်းပေါ်တွင်လည်း တည်ရှိသည်။
Google Fiber ကို ပိုမိုမြန်ဆန်သော အင်တာနက် ချိတ်ဆက်မှုအတွက် အခမဲ့ package အမျိုးမျိုးဝယ်ယူ အသုံးပြုနိုင်သော အစီအစဉ်အဖြစ် ၂၀၁၂ ခုနှစ်တွင် ပထမဆုံး မိတ် ဆက်ခဲ့သည်။ ပုံမှန်အားဖြင့် Google Fiber သည် အင်တာနက်အတွက် တစ်လလျှင် ကန်ဒေါ်လာ ၇၀ ကျသင့်မည်ဖြစ်ပြီး ရုပ်သံလိုင်းပါ ပါဝင်ပါက ကန်ဒေါ်လာ ၁၂၀ အထိ ကျသင့်မည် ဖြစ်သည်။
ဝင်ငွေနည်းပါးသော အိမ်များအတွက် broadband အင်တာနက် အသုံးပြုရေးသည် အဓိကအတားအဆီး တစ်ခုဖြစ်သည်။ တစ်နှစ်လျှင်ဝင်ငွေ ကန်ဒေါ်လာ ၃၀,၀၀၀ အောက် မရရှိသော လူများသည် အင်တာနက် အသုံးပြုနိုင်ခြင်း မရှိကြောင်း သုံးလပတ် အစီရင်ခံစာ တစ်ခုကို Google က ထောက်ပြပြောဆိုခဲ့သည်။
Ref : Mashable
Credit==>internetjournal
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment