ဂျပန်နိုင်ငံရဲ့ လူဦးရေ ၁ သန်းလောက်ဟာ အခန်းအောင်း ရောဂါဝေဒနာ ခံစားနေရပါတယ်။ ယင်းကို ဂျပန်လို Hikikomori လို့ခေါ်ပါတယ်။ Hikikomori ခံစားရသူ တစ်ဦးဟာ အခန်းထဲမှာ တစ်နှစ်ကနေ နှစ်ပေါင်းများစွာ အတော်တန်ကြာ နေထိုငပြီး လုံးဝ အပြင်မထွက်ပါဘူး။ အခန်းထဲမှာပဲ နေပြီးတော့ အင်တာနက် သုံးခြင်း၊ ဂိမ်းဆော့ခြင်း၊ ဂျပန်ကာတွန်း comic များကို အွန်လိုင်းကနေ ရှာဖတ်ခြင်း တို့ကိုသာ ပြုလုပ်ပါတယ်။
အများစု ယင်းကဲ့သို့ ဖြစ်ရခြင်းဟာ သူတို့ အနေနဲ့ အပြင်လောက လက်တွေ့ ဘဝမှာ ကြီးမားတဲ့ ရှုံးနိမ့်မှု တစ်ခုခု ကြုံရသူများ ဖြစ်ပါတယ်။ ဥပမာ သူတို့ တက်ချင်တဲ့ တက္ကသိုလ် ဝင်ခွင့် မရတာတို့၊ အမှတ်အမြင့်ဆုံး မရတာတို့၊ အလုပ် မရတာတို့၊ အလုပ် အထုတ်ခံရတာတို့ အစရှိသဖြင့် နေ့စဉ်လူနေမှု ဘဝမှာ သူတို့ရဲ့ ရှုံးနိမ့်မှုကြီး တစ်ခုခုကြောင့် ယင်းသို့ ဖြစ်ရခြင်း ဖြစ်ပါတယ်။ ယင်းသို့ ဖြစ်နေသူ အချို့ဟာလည်း ဥာဏ်ကောင်းပြီး တော်သူများ ဖြစ်တာကြောင့် ဂျပန် နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုအတွက် နစ်နာစရာ တစ်ခုဖြစ်ကြောင်း ဆေးပညာရှင်နဲ့ စီးပွားရေး ပညာရှင်များက သုံးသပ်ပြထား ပါတယ်။ သူတို့ရဲ့ နေထိုင်မှုအတွက်လည်း မိဘရဲ့ ထောက်ပံ့မှုများ ရရှိတာရှိသလို အချို့ကျတော့ မိမိမှာ ရှိတဲ့ ငွေနဲ့ စားသောက်ရန်နဲ့ ဘေလ်ကို လွယ်တကူ ဆောင်နိုင်ကြောင်း ဆိုပါတယ်။
ဒါကြောင့်မို့ ဂျပန်အစိုးရ အနေနဲ့ နောက်လာမယ့် ဂျပန်လူငယ် မျိုးဆက်မှာ အိမ်တွင်းအောင်း ရောဂါမဖြစ်အောင် ယခု လက်ရှိ တစ်သန်းကို ကုသမှုများ ပြုလုပ်ပေးမှာ ဖြစ်သလို ကာကွယ်မှုများလည်း ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMAS)
.
Ref: dailymail
အောင်ခမ်း (MMAS)
No comments:
Post a Comment