ဒီရက်ပိုင်း Facebook ပေါ်မှာခေတ်စားနေတဲ့ application လေးတစ်ခုပါပဲ။ သူ့ကို application အနေနဲ့လူသိကြတာမဟုတ်ဘဲ Facebook ပေါ်က လူငယ်လေးတွေ သီချင်းသံ (သို့မဟုတ်) ရယ်စရာအသံ နောက်ခံနဲ့ ရုပ်ပြောင်သရုပ်ဆောင်ထားကြတာတို့ ၊ ကပြကြတာတို့ စတဲ့ ဗီဒီယို အတိုလေးတွေကို ဒီရက်ပိုင်း ခပ်စိပ်စိပ်တွေ့ကြရမှာပါ။ ယင်း Video တွေကို Dubsmash လို့ခေါ်တဲ့ ဖုန်း application လေးနဲ့ပြုလုပ်တာဖြစ်ပါတယ်။ Dubsmash ဆော့ဝဲလေးကို iPhone အတွက်ရော ၊ Android OS သုံးဖုန်းတွေအတွက်ပါ ရရှိနိုင်ပါတယ်။ နာမည်ကြီးသီချင်းသံတွေ ၊ ရယ်စရာအသံ နဲ့အခြားအသံစုံကို ဒီ app လေးထဲမှာအစုံအလင်ပါရှိပါတယ်။ ယင်းအသံတွေကိုအသုံးပြုပြီး ဗီဒီယိုအတိုလေးတွေဖန်တီးနိုင်သလို ကိုယ့်မှာရှိပြီးသားအသံဖိုင်တွေနဲ့လည်း Video Clip လေးတွေလုပ်နိုင်ပါသေးတယ်။ Dubsmash နဲ့ပြုလုပ်ထားတဲ့ Video Clip လေးတွေကို Dubsmash ဆော့ဝဲထဲကနေတိုက်ရိုက် Social Network တွေပေါ်ကို ပြန် share နိုင်ပါတယ်။ နာမည်ကြီးသီချင်းတွေ ၊ အသံတွေနဲ့ Selfie Video တစ်ခုကို ဖုန်းနဲ့ဖန်တီးချင်သူတွေအတွက် Dubsmash ကို မိမိတို့ဖုန်းတွေအတွက်ရယူလိုတယ်ဆိုရင်တော့ အောက်က link များမှာရယူနိုင်ပါတယ်။
Credit :myanmarmobileapp.com
No comments:
Post a Comment