ဒီကားက ထွက်တာလဲ တော်တော်ကြာပြီဖြစ်သလို ကျွန်တော့်ရဲ့ Hard diskထဲမှာ သိမ်းထားတာလဲ ၂ နှစ်ကျော်နေပါပြီ
ဇာတ်ကားအကြောင်းပြောရရင်တော့
သူခိုးတွေက တန်းဖိုးအရမ်းကြီးတဲ့ အပြာရောင် စိန်တုံးကိုခိုးရင်း
အချင်းချင်းသစ္စာဖောက်ရာကနေ ရဲတွေ ရောက်လာခဲ့တာကြောင့် အဖမ်းခံရတော့မှာမို့ စိန်တုံးကြီးကို အဲဒီနားက အဆောက်အအုံမှာ ဖွက်ထားခဲ့လိုက်လိုက်ပါတယ်။
အဲဒီဖွတ်ထားခဲ့တဲ့ သူခိုးကနေ ထောင်ကနေ လွတ်လာရော စိန်တုံးကို ပြန်ယူဖို့လုပ်တော့ အဲဒီအဆောက်အအုံက ရဲစခန်းဖြစ်နေတာကို တွေ့လိုက်ပါတယ်။
အဲဒါကနေ အဲဒီသူခိုးက ရဲအယောင်ဆောင်ပြီး စိန်တုံးကို ဘယ်လို ပြန်ယူမှာလဲ၊ ရဲဘ၀မှာရော ဘာတွေ တစ်လွဲတစ်ချော်ဖြစ်ဦးမှာလဲဆိုတာကို ဟာသဆန်ဆန် ရိုက်ထားတဲ့ကားပါ။
သူခိုးအဖြစ် သရုပ်ဆောင်တဲ့ Martin Lawrence ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်လဲ ဒီကားက ဟာသကားတွေထဲမှာ ဘယ်အချိန် ပြန်ကြည့်ကြည့် ဇာတ်ကားကောင်းအဖြစ်ရပ်တည်နေတာပါ။
မကြည့်ရသေးရင် ကြည့်လိုက်ပါဦး

(1.0 GB)
(295.8 MB)
channelmyanmar.com

No comments:
Post a Comment