iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, July 7, 2015

လုံခြုံရေးအဆင့်မြင့်ပြီး စတိုင်ကျတဲ့ Turing Phone



Turing Phone လို့ အမည်ရတဲ့ ဖုန်းကို Turing Robotic Industris လို့အမည်ရတဲ့ ဆက်သွယ်ရေးနဲ့ ကွန်ရက်လုံခြုံမှုဆိုင်ရာ ကုမ္ဗဏီက စတင်ထုတ်လုပ်လိုက်ပါပြီ။ အနာဂတ်ဖုန်း တစ်လုံးလေအလား ထင်ရလောက်အောင် ဒီဇိုင်းက အင်မတန်ထူးခြားနေပါတယ်။ လုံခြုံရေး ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲ ထုတ်တဲ့ ကုမ္ဗဏီ ဖြစ်တာကြောင့် စမတ်ဖုန်းဟာလည်း ကြားဖြတ်ခိုးနားထောင်လို့မရတဲ့ လုံခြုံရေး အဆင့်မြင့် စမတ်ဖုန်း ဖြစ်ပါတယ်။ သတင်းကောင်းကတော့ ယင်း စမတ်ဖုန်းများဟာ အမေရိကန်ဒေါ်လာ ၈၇၀ အောက်မှာသာ ကုန်ကျမယ့် စမတ်ဖုန်း ဖြစ်တာကြောင့် ဖြစ်ပါတယ်။ Turing Robotic Industris လို့ အမည်ရတဲ့ ကုမ္ဗဏီဟာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့နဲ့ တရုတ်ပြည် Shenzhen တို့မှာအခြေဆိုက် ပါတယ်။ company ရဲ့ စီအီးအို Chao ဟာလည်း တရုတ်လူမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ဗဏီရဲ့ အဓိက လည်ပတ်မှုက အမေရိကန်မှာ ဖြစ်ပါတယ်။ ကမ္ဘာမှာ မိုဘိုင်းနဲ့ ဒီဂျစ်တယ် ဆိုင်ရာ ပစ္စည်းများအတွက် တရုတ်ပြည်က အများဆုံး ထွက်တာကတော့ ငြင်းမရ ပါဘူး။
တိုက်တေနီယမ် ထက် ပိုကောင်းတဲ့ သတ္တု
Liquidmorphium liquid metal လို့ခေါ်တဲ့ အရောင်ပိုတောက်ပြီး စမတ်ကျတဲ့ သတ္တုဟာ နောက်ထပ်ထူးခြားချက်အနေနဲ့ တိုက်တေနီယမ်နဲ့ စတီးများထပ် ပိုပြီးတော့ သန်မာ ပါတယ်။ သူဟာ ဈေးကြီး သတ္တုတစ်မျိုး ဖြစ်ပြီး Turing ဖုန်းမှာ အသုံးပြုပေးထားပါတယ်။
စွမ်းဆောင်ရည်မြင့် hardware များ
၅.၅ လက်မ အရွယ်ရှိတဲ့ မျက်နှာပြင်ဟာ 1920×1080 resolution ပေးပြီး Full HD အမျိုးအစား ဖြစ်ပါတယ်။ အနောက်ကင်မရာ 13 Megapixel ရှိပြီး အရှေ့ ကင်မရာ ကတော့ 8 megapixel ရှိပါတယ်။ ဘက်ထရီဟာလည်း 300 mAh ရှိတာကြောင့် ဘက်ထရီအားကြီးတဲ့ စမတ်ဖုန်းတစ်မျိုးလည်း ဖြစ်ပါတယ်။ RAM က 3GB ပါဝင်ပါတယ်။ processor ကတော့ Qualcomm Snapdragon 801 ဖြစ်ပြီး 2.5GHz quad-core Krait graphich ကဒ်ကို သုံးပါတယ်။ Storage အနေနဲ့ 16GB, 32GB နဲ့ 64 GB ဆိုပြီးတော့ ထုတ်လုပ်ပါတယ်။
ရေမြှုပ်လည်း ခံတဲ့ ဖုန်း
Binnacle Ocean Master nano-coating ကို အသုံးပြုထားပြီး နောက်ထပ်ထူးခြားချက်က ရေစိမ်ခံခြင်း ဖြစ်ပါတယ်။ ရေစိမ်ခံတဲ့ အဆင့်တောင် မဟုတ်ပါဘူး။ ပေအနက် ၃၀ အောက်မှာတောင် ရေမဝင်ပါ။ ရေဝင်ပေါက်မရှိအောင် အသေးစိတ် coating ဖုံးထားခြင်း ဖြစ်ပါတယ်။
Android 5.0 Lollipop ကိုပဲ အသုံးပြုထားပါတယ်။ အဓိက ထူးခြားချက်က Security ဟာ ယနေ့ Cyber crime တွေ hacking တွေဖြစ်နေချိန် မိမိဟာ ဓားစာခံ တစ်ယောက် ဖြစ်မသွားစေဖို့အတွက် အရေးကြီးကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ Turing Phone ဟာဆိုရင် ဖုန်း အမျိုးစားတူချင်း အချက်အလက်ပို့တဲ့အခါ ပိုလို့ လုံခြုံပြီး ယင်းဖုန်းနဲ့ အခြားဖုန်း ပို့ရင်လည်း လုံခြုံကြောင်း ဆိုပါတယ်။
ဖုန်းဆက်သွယ်ရေးတစ်ခု လုံခြုံမှု ရှိမရှိဆိုတာ Data ကို encrypt လုပ်မလုပ်နဲ့ တိုင်းတာပါတယ်။ encrypt လုပ်တာတောင်တောင်မှ ယင်းအတွက် အသုံးပြုတဲ့ နည်းပညာ အဆင့်မြင့်မှုမမြင့်မှုနဲ့သက်ဆိုင်သေးပြီး အဆင့်မြင့်တဲ့ Standand လုံခြုံရေးမြင့် ဖုန်းတစ်လုံးနဲ့ဆော့ဖ်ဝဲကို သုံးမယ်ဆိုရင် အမေရိကန်ဒေါ်လာ တစ်သောင်းလောက်တော့ ကုန်ကျ ပါလိမ့်မယ်။ အဓိကက ဆော့ဖ်ဝဲမှာ ကုန်တာပါ။ ယခု Turing ရဲ့ ပြောပုံအရ ဆိုရင် ဆော့ဖ်ဝဲ ထောက်ပံ့မှု စနစ်က ဖုန်းထဲမှာ အလိုအလျောက် ပါဝင်ပြီးသား ဖြစ်ပြီး Server တစ်ခုကနေ ထိန်းချုပ်ကွပ်ကဲနိုင်ခြင်း ရှိမရှိတော့ မသိရပါဘူး။
အနည်းဆုံးကတော့ Personal user များအတွက် တစ်ဦးချင်း လုံခြုံရေးကို ထိန်းချုပ်ပေးခြင်း ဖြစ်ပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်ကနေပြီးတော့ ခိုးနားထောင်ဖို့အတွက်ပဲ ကြိုးစားရင်တောင် မရတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကာကွယ်မှုဟာ အသုံးပြုတဲ့ ဆက်သွယ်ရေးစနစ်ပေါ်မှာလည်း သက်ဆိုင်ပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် Turing Phone ကတော့ လုံခြုံကြောင်း အာမခံထား ပါတယ်။
ဘာပဲ ဖြစ်ဖြစ် ဒီဇိုင်း ကြည့်လိုက်တာနဲ့တင် မက်လောက်စရာပါ။ သာမန် Android ဖုန်းတွေထဲကနေ သိသိသာသာကို ကွဲထွက်သွားတဲ့ ပုံစံ ဖြစ်ပါတယ်။ မြင်နေသုံးနေကျ အသားနဲ့လည်း မဟုတ်တဲ့အပြင် စတိုင်လည်း ကွဲတော့ အခွင့်ရရင် စမ်းသုံးကြည့်ချင်ပါသေးတယ်။
ဈေးနှုန်းကတော့ 16GB ဖုန်းက အမေရိကန်ဒေါ်လာ ၆၁၀၊ 64GB အတွက် ၇၄၀၊ 128GB အတွက် 870 အစရှိသဖြင့် အသီးသီး ကုန်ကျမှာ ဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့ကနေ စလို့ အမေရိကန်နဲ့ နိုင်ငံကြီးအချို့မှာ ကြိုတင်မှာယူမှု လက်ခံပြီဖြစ်ကြောင်း သိရ ပါတယ်။
.

အောင်ခမ်း (MMAS)

No comments:

Post a Comment