iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, July 6, 2015

Google ဖြင့် ရာသီဥတု ကြည့်နိုင် Map ဖြင့် ခရီးသွားနိုင်

Google Now ဖြင့် ရာသီဥတု ကြည့်နိုင် Map ဖြင့် ခရီးသွားနိုင်
မိမိရဲ့ ဖုန်းကို အကျိုးရှိရှိ သုံးနိုင်ဖို့အတွက် Google က ပေးထားတဲ့ Free Service များကို အသုံးပြုစေချင်ပါတယ်။ Android OS တွေမှာ Google ရဲ့ Service များ အခမဲ့ ပါဝင်ပြီး ကိုယ်နဲ့ နေ့စဉ်လောက် အသုံးဝင်မယ့် App နှစ်ခုကတော့ Google Now နဲ့ Google Map ဖြစ်ပါလိမ့်မယ်။
Android ဖုန်းရဲ့ Home Button မှာ ခဏနှိပ်ပြီး အပေါ်ဆွဲ လိုက်ရင် Google Now home page တက်လာပါတယ်။ ဘာမှ ရှာစရာ မလိုပါ။ ချက်ချင်းပဲ ရာသီဥတုခန့်မှန်းချေကိုပါ ပြသထားပါတယ်။ ယင်းဟာ Weather.com ကနေ ယူထားတဲ့ အချက်အလက် ဖြစ်ပြီး Mobile Data ဖွင့်လိုက်တာနဲ့ Feed ဆွဲပေးထား ပါတယ်။ အင်တာနက် အများကြီး မကုန်ပါ။ KB သာသာ အချက်အလက်သာ ဖြစ်ပါတယ်။
ကျနော်ဆိုရင် အဲ့ဒီက ခန့်မှန်းချက်ကို ကြည့်ပြီး ဒီနေ့အပြင်သွားရင် ထီးယူသင့် မယူသင့် ဆုံးဖြတ် ပါတယ်။ သူ့ရဲ့ အချက်အလက်ကလည်း မှန်ပါတယ်။ Location based service ဖြစ်ပါတယ်။ ဒါကြောင့်မို့ နေရာဒေသအလိုက်ဖြစ်ပေါ်နေတဲ့ ရာသီဥတု အပြင် အခြားသော update များကို လိုချင်ရင်လည်း ပေးပါတယ်။ အကယ်၍ သဘာဝ ဘေးအန္တရာယ် တွေ့နိုင်တယ်ဆိုရင်တောင် alert ပေးတဲ့အထိ Google က service ပေးပါတယ်။ ကျနော် နေပြည်တော်ကို ဟိုနေ့က ခရီးသွားတုန်း မုန်းအင်မတန် ကြီးတဲ့ ဘက်ကို ရောက်တော့ အင်တာနက် ခဏ ဖွင့်ကြည့်လိုက်တဲ့အချိန် Thunderstorm alert ဆိုပြီးတော့ noti တက်ပါတယ်။ Google မဖွင့်ပဲ အလိုလောက် တက်ပါတယ်။ Push notification ကို accept လုပ်ထားလို့ပါ။
သုံးချင်ရင် Google ကို ဝင်တဲ့အခါ သူမေးတဲ့အချက်လက်တွေမှာ Yes တွေ၊ Accept တွေလုပ်ပေးရုံပါပဲ။ ပိုတိကျတဲ့ နေရာဒေသနဲ့ အချက်အလက်ကို လိုချင်ရင် သူက location accuracy မှန်အောင် အချို့ turn on လုပ်ခိုင်းတာလေးတွေ ရှိပါတယ်။

map
နောက်တစ်ခုကတော့ အများစုလည်း သုံးနေပြီးသား ဖြစ်မယ့် Google Map ပါ။ သူ့ကလည်း တိကျတဲ့အဖြေပေးပြီး ကိုယ်ရောက်တဲ့ နေရာပြသလို ကိုယ်ရောက်ချင်တဲ့ နေရာကိုအမြန်ရောက်မယ့်လမ်းတွေပါ ပြပေးပါတယ်။ အဝေးပြေးလမ်းပေါ် ခရီးသွားရင် သုံးရုံမက၊ မြို့ထဲမှာပါ သုံးလို့ ရပါတယ်။
Google ရဲ့ Now နဲ့ Map များကို အသုံးပြုခြင်းဖြင့် ဖုန်းရဲ့ အသုံးဝင်မှုကို မြင့်တင်နိုင်ပါတယ်။
.အောင်ခမ်း (MMAS)

No comments:

Post a Comment