iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, July 6, 2015

ခေတ်စားလာတဲ့ Online Music Streaming များ


လက်ရှိနည်းပညာခေတ်မှာ ဖုန်းနည်းပညာတွေနဲ့ အတူ ပြောင်းလဲလာတာက လက်ကိုင်ဖုန်းတွေပေါ်မှာ သီချင်းတွေကို နားထောင်တဲ့ပုံစံ၊ ရောင်းဝယ်ဖြန့်ချီတဲ့ပုံစံတွေလဲ ပြောင်းလဲလာပါတယ်။ ခုဆိုရင် Apple company ကနေ Apple Music ဆိုပြီ: online music streaming လောကထဲကို ဝင်လာတဲ့ အခါ ဒီ ဈေးကွက်က အရင်ကထက်ပိုပြီ: ကြီးမားလာပါပြီ ။ အရင်ကဆို ဖုန်းတွေပေါ်မှာ သီချင်းနားထောင်ဖို့အတွက် online music store တွေ ဥပမာ (itune , Amazon ) တို့လိုပေါ်ကနေ သီချင်းတွေ ဝယ်ပြီ:နားထောင် ဒါမှ မဟုတ်ကိုယ့်သူငယ်ချင်း တွေစီကသီချင်းတွေကို ကိုယ့်ဖုန်းထဲကို ကူးပြီ:နားထောင် စတဲ့ပုံစံမျိုးတွေနဲ့ပဲ သီချင်းတွေကိုနားထောင်ဖြန့်ချီခဲ့ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီ့လို သီချင်းတွေကို Online store ပေါ် ဖြန့်ချီတဲ့ပုံစံတွေက ဖုန်uးser တွေအတွက်ကော… သီဆိုသူအဆိုတော်တွေ အတွက်ပါ အားနည်:ချက်တွေရှိပါတယ်။ ဖုန်uးser တွေဘက်ကကြတော့ ထွက်တဲ့သီချင်းတိုင်းကို နားထောင်ချင်ပေမဲ့ ထွက်သမျှသီချင်းတိုင်းကို ဝယ်ဖို့ဆိုရင် ပိုက်ဆံတော်တော် ကုန်ပါလိမ့်မယ် ။ အဆိုတော်တွေဘက်ကကြတော့လဲ အောင်မြင်ပြီ:သား အဆိုတော်ဆိုရင်တော့ သူ့သီချင်းတွေအတွက် ဝယ်မဲ့သူ ရှိပေမဲ့ သိပ်မအောင်မြင်သေးတဲ့ အဆိုတော်တွေ…. ခုမှစထုတ်တဲ့သူတွေအတွက် ကြတော့ online store ပေါ်ကနေ ရောင်းလဲ ဝယ်မဲ့သူ နည်:တဲ့ အတွက် သူ့သီချင်းတွေ လူသိဖို့ ခက်ခဲပါလိမ့်မယ်။ အဲ့ဒါတွေကြောင့် ခုနောက်ပိုင်း သီချင်းတွေကို Online ပေါ်ကနေ ရောင်းပေးတဲ့ပုံစံအစား user ရော အဆိုတော်တွေ အတွက်ပါ အဆင်ပြေတဲ့ Online music streaming service တွေခေတ်စားလာပါတယ် ။ Online music streaming service ဆိုတာ သက်ဆိုင်ရာ service ပေးတဲ့ company ကနေ သီချင်းတွေကို library ပုံစံစုထားပြီ:တော့ user တွေကို လစဉ်ကြေး ကောက်ပြီ:ကြိုက်တဲ့ သိချင်းတွေကို Online ပေါ်ကနေတစ်ဆင့် နားထောင်ခွင့်ပြုချင်းပါပဲ ။ စာကြည့်တိုက်သဘောမျိုးပေါ့ …. စာကြည့်တိုက် member ဝင်ကဒ်လုပ်ပြီ:တော့ စာအုပ်ပေါင်းစုံကို ဝင်ဖတ်လို့ရတဲ့ သဘောပေါ့ ။ Online music streaming service တွေရဲ့ အားသာချက်တွေက —
– ၁ လကို $10 လောက်နဲ့ သီချင်းပေါင်းစုံ( အသစ်တွေကော ၊ အဟောင်းကော) ကို စိတ်ကြိုက် နားထောင်နိုင်ပါတယ် ။ ကြိုက်တဲ့သီချင်းတွေကို offline content အနေနဲ့ ကိုယ့်ဖုန်းထဲကိုတောင် ဒေါင်းထားပြီ:တော့တောင် နားထောင်လို့ရသေးတယ်။ တကယ်လို့သာ အရင်ကလို Online music store ကနေ အပုဒ်တိုင်းဝယ်နားထောင်ရရင် ဒီ $10 လောက် နဲ့ဆိုရင် ၈ ပုဒ် ဒါမှမဟုတ် ၉ ပုဒ် လောက်ပဲ ဝယ်ပြီ: နားထောင်လို့ရမှာပါ ။
– နောက်တစ်ခု ကောင်းတဲ့ အချက်က Online music streaming service တွေက သီချင်းပုံစံတွေ (ဥပမာ Rock, Punk , Rap, Hiphop) စသဖြင့် ပေါ်မူတည်ပြီ:တော့ သီချင်းတွေကို group ဖွဲ့ပြီ:Playlist တွေ ဖန်တီးထားတဲ့ အတွက် ကိုယ်ကြိုက်တဲ့ သီချင်းပုံစံအလိုက် အလွယ်တကူဝင်နားထောင်ရုံပါပဲ ။တစ်ချို့ music streaming service တွေဆိုရင် လူတွေရဲ့ လှုပ်ရှားနေထိုင်တဲ့ပုံစံ ပေါ်မူတည်ပြီ:တော့ တောင် သီချင်းတွေကို group လုပ်ပြီ:တော့ playlist တွေ ဖန်တီးပေးထားပါသေးတယ်။ ဥပမာ ကျန်းမာရေးအတွက် အပြေးလေ့ကျင့်တဲ့ အချိန်မှာ ပြေးရင်းနဲ့ နားထောင်လို့ကောင်းမဲ့ သီချင်း တွေကို playlist လုပ်ပေးထားတာမျိုး ……. အိပ်ရာဝင်ခါနီးမှာ နားထောင်လို့ကောင်းမဲ့ သီချင်းတွေကို စုပြီ:တော့ playlistလုပ်ပေးထားတာမျိုး ….. ပါတီပွဲမှာဖွင့်ဖို့ မြူးမြူးကြွကြွသီချင်းတွေကို စုပြီ: party playlist အဖြစ် ဖန်တီးပေးထားတာမျိုးတွေပါရှိပါတယ်။ playlist တွေကိုလဲ အဲ့ဒီ့ music streaming service တွေကခန့်ထားတဲ့ သက်ဆိုင်ရာ music expert DJ တွေက ဖန်တီးပေးထားတာဖြစ်တဲ့ အတွက် တစ်ပုဒ်ပြီ: တစ်ပုဒ်က အစပ်ဟက်တည့်ပြီ: နားထောင်ရတာ တော်တော်ကောင်းပါတယ် ။
– နောက်ထပ်ကောင်းတဲ့ အချက်ကတော့ ခုနကလိုအသင့်လုပ်ပြီ:သား playlist တွေနားမထောင်ချင်ဘူးဆိုရင် အဲ့ဒီ့ music streaming service ကပေးတဲ့ 24 နာရီလုံး လွှင့်နေတဲ့ online radio တွေနားထောင်လို့ရတာပါပဲ.။ Online radio တွေဆိုတော့ သီချင်းတွေက ပုံစံမျိုးစုံလာနေမှာဖြစ်ပါတယ်။ Online radio ဆိုပေမဲ့ ခုလက်ရှိလွှင့်နေတဲ့.. နားထောင်နေတဲသီချင်းကို မကြိုက်ရင် ကျော်ပြီ:တော့ နောက်တစ်ပုဒ်ကိုလဲ ပြောင်းလို့ရပါတယ်။
Online music streaming မှာ အပေါ်ကပြောသွားတဲ့ အားသာချက်တွေက တော်တော်လေးကို ကောင်းပေမဲ့ အားနည်:ချက်တွေလဲရှိပါတယ်။ ဘာတွေလဲဆိုတော့ —
– Online music streaming ဆိုတော့ အင့်တာနက်ပေါ်ကနေ သီချင်းနားထောင်တာဖြစ်တဲ့ အတွက် ကိုယ့်ရဲ့ mobile data plan ထဲကနေ data စားမှုတော့ရှိပါတယ် … သီချင်းတစ်ပုဒ်ရဲ့ data size က အနည်:ဆုံး 4MB လောက်ရှိကြပါတယ်….. အဲ့ဒီ့တော့ သီချင်းများများနားထောင်လေ ကိုယ့်ရဲ့ mobile data plan တွေ ပိုကုန်လေပါပဲ …. ဒီလိုမျိုး မကုန်ချင်ဘူးဆိုရင်တော့ အကောင်းဆုံး နည်းလမ်းက wifi free ရတဲ့နေရာမှာ ကိုယ်ကြိုက်တဲ့ သီချင်း ဒါမှမဟုတ် သီချင်း playlist တွေကို offline content ပြောင်းပြီ: ဖုန်းထဲကို ဒေါင်းထားပြီ:တော့ wifi မရတဲ့ အချိန်မှာ အဒီ့ offline content လုပ်ထားတဲ့ playlist ထဲ သီချင်းတွေကိုပဲ နားထောင်ရင်တော့ သိပ်မကုန်ပါဘူး ။
– နောက်မကောင်းတဲ့ တစ်ချက်ကတော့ online music streaming service အများစုက လွင့်တဲ့ သီချင်းformat က mp3 format ဖြစ်တဲ့အတွက် အသံအရည်အသွေးက CD ခွေမှာပါတဲ့ အသံအရည်အသွေးကို မမီပါဘူး ။ mp3 file ဆိုတာက CD audio file ကို file အရွယ်အစားသေးအောင် ခြုံ့ပြီ: ပြုလုပ်ထားတာဖြစ်တဲ့အတွက် တော်ရုံနားထောင်လို့တော့ အဆင်ပြေပေမဲ့ CD ခွေနဲ့ ယှဉ်နားထောင်ကြည့်ရင် တော်တော်ကွာပါတယ် ။
ခုလက်ရှိမှာ online music streaming service ရဲ့ ဈေးကွက်ကတစ်အားအောင်မြင်လာတဲ့ အတွက် Apple လို company ကတောင် ဒီဈေးကွက်ထဲဝင်ရောက်လာပါတယ်။ ခုလက်ရှိ ဈေးကွက်မှာရှိနေတဲ့ online music streaming service တွေကို လေ့လာကြည့်ရင်—-
(1) Spotify
လက်ရှိ Online Music Streaming ဈေးကွက်မှာတော့ အအောင်မြင်ဆုံးလို့ဆိုရမဲ့ service ပါပဲ ။ လက်ရှိ Spotify music service ကို အသုံးပြုနေတဲ့ user တွေကသန်း ၆၀ လောက်ရှိပါတယ် ။ သူ့ရဲ့ music library ထဲမှာ သီချင်းစုစုပေါင်း သန်း ၃၀ ကျော်ရှိပါတယ် ။ သူ့မှာ user တွေအတွက် free version နဲ့ premier version ဆိုပြီ:တော့ plan နှစ်မျိုးရှိပါတယ် ။ free version ဆိုရင်တော့ သီချင်းတွေ နားထောင်လို့ရပေမဲ့ ဖုန်းထဲကိုတော့ ဒေါင်းပြီ: နားထောင်လို့မရပါဘူး ။ အင်တာနက် ကနေ တိုက်ရိုက်နားထောင်တဲ့ပုံစံမျိုးပဲရပါတယ် ။ သီချင်းတွေကို ကျော်ပြီ:နားထောင်ချင်ရင် လဲ အများဆုံး ၁နာရီကို ၅ပုဒ် ပဲပေးကျော်ပါတယ် ။ ပြီ:တော့ အောက်ကနေ ကြော်ငြာတွေကတက်နေပါသေးတယ်။ free version အတွက်ကတော့ သူ့ရဲ့ spotify app မှာ Account register လုပ်ပြီ: တစ်ပြားမှ ပေးစရာမလိုပဲ နားထောင်နိုင်ပါတယ် ။ အဲ့ နောက်တစ်မျိုး ဖြစ်တဲ့ premier version အတွက်ကတော့ ၁ လကို $10 ပေးရပါတယ်။ အဲ့ဒီ့ premier version မှာကြတော့ သီချင်းတွေကို ကိုယ့်ဖုန်းထဲကို offline content အနေနဲ့ ဒေါင်းထားခွင့်ပေးထားပါတယ် ။ Spotify က လူသုံး အများဆုံး ဖြစ်နေတဲ့ အကြောင်းက သူက Android ဖုန်း ၊ iPhone၊ window ဖုန်း စတဲ့ devices ပေါင်းစုံအပြင် computer browser ကနေပါ သုံးလို့ရတဲ့အချက် ကြောင့်ဖြစ်ပါတယ်။ ဘယ် device ကနေမဆို ကိုယ့် account နဲ့ login ဝင်ပြီ:တော့ သုံးလို့ရတော့ user တွေ အကြိုက်ပါပဲ။ Spotify music streaming ကို ဒီအောက်ကလင့်ကနေ သွားရောက်လေ့လာလို့ရပါတယ်။
https://play.spotify.com/
Spotify Music ကို iPhone/Pad တွေမှာအသုံးပြုလိုတယ်ဆိုရင်တော့ https://goo.gl/Xx80wB မှာရယူနိုင်ပါတယ်။
Spotify Music ကို Android Devices တွေမှာအသုံးပြုလိုတယ်ဆိုရင်တော့ https://goo.gl/LBH1c3 မှာရယူနိုင်ပါတယ်။
(2) Apple Music
==========

Apple Music ကတော့ သိပ်မကြာသေးခင်ကမှ iOS 8.4 နဲ့ အတူ ထွက်ပေါ်လာခဲ့တဲ့ Apple company ရဲ့ music streaming service ပါ ။ အရင်ကတော့ Beats Music streaming ဆိုတဲ့ အမည်နဲ့ HipHopအဆိုတော် Dr.Dre တို့က ဦးစီးလုပ်ကိုင်ခဲ့တာပါ။ online music streaming တွေရဲ့ အောင်မြင်နိုင်မဲ့ အလားအလာကို Apple company ကသိရှိခဲ့တဲ့နောက်မှာ ဒေါ်လာသန်း ၃ထောင်နဲ့ Beats music ကို ဝယ်လိုက်ပြီ:တော့ Apple Music အဖြစ်အသွင်ပြောင်းခဲ့ပါတယ် ။ မူလ Beats music မှာရှိတဲ့ feature တွေ အပြင် iOS devices တွေနဲ့ လိုက်ဖက်အောင် feature အသစ်တွေကိုပါ ထပ်ပေါင်းထည့်ပြီ:တော့ Apple music အဖြစ် iOS 8.4 မှာထည့်သွင်းပေးခဲ့ပါတယ်။ Apple Music မှာလဲ သီချင်းစုစုပေါင်း သန်း ၃၀ ကျော်ရှိတယ်လို့ဆိုပါတယ် ။ လက်ရှိမှာတော့ iOS devices တွေမှာပဲ ရသေးပြီ:တော့ နောက်ပိုင်းAndroid device တွေအတွက်ပါ ရသွားစေမယ်လို့ဆိုပါတယ် ။ သူလဲပဲ တစ်လကို $10 လောက်ကျမှာဖြစ်ပါတယ်။ သူ့ မှာကတစ်ခြား music streaming service တွေနဲ့ မတူတဲ့ အချက်က အဆိုတော်တွေအတွက် သူတို့ရဲ့ လက်ရှိ activity တွေကို ပရိသတ်တွေကို အသိပေးနိုင်မဲ့ connect ဆိုတဲ့ feature ပါပါတယ် ။ အဲ့ဒီ့ facebook social page လိုသဘောပါပဲ ။ အဲ့ဒီ့ connect page မှာ အဆိုတော်တွေက သူတို့ရဲ့ လက်ရှိအခွေတွေ အကြောင်း .. သီချင်းအသစ်တောတောအကြောင်းကို ရေးသားပြီ: ပရိသတ်ကို အသိပေးနိုင်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ Taylor Swift ပရိသတ်တွေအတွက် Taylor Swift ရဲ့ နောက်ဆုံးထွက်ထားတဲ့ 1989 Album ကို ရရှိနိုင်ပါတယ်။ တစ်ခြား music streaming service တွေမှာ မရသေးပါဘူး ။
(3)Tidal
====

Tidal ကတော့ လက်ရှိ နံမည်ကြီး Hiphop အဆိုတော် Jay Z က ဦးစီးလုပ်ကိုင်နေတဲ့ online music service ပါ ။ သူ့ဆီမှာလဲ သီချင်း စုစုပေါင်း သန်း ၃၀ လောက်တော့ရှိပါတယ်။ ဒါပေမဲ့ Tidal မှာတော့ Spotify ကလို free version မရှိပါဘူး ။ ၁ လကို $10 ပေးရတဲ့ plan ရယ် … ၁ လကို $20 ပေးရတဲ့ plan ရယ် ဆိုပြီ: ၂ မျိုးရှိပါတယ်။ ဘာကွာလဲ ဆိုတော့ ၁ လကို $10 ပေးရတဲ့ plan က mp3 format နဲ့ လွှင့်တဲ့ streaming service ကိုပဲရမှာဖြစ်ပါတယ် ။ ၁ လကို $20 ပေးရတဲ့ plan ကကြတော့ CD Audio quality နီးပါး အသံအရည်အသွေးရှိတဲ့ Flac format နဲ့ လွှင့်တဲ့ သီချင်းတွေကို နားထောင်ခွင့် ၊ ဒေါင်းပြီးယူထားခွင့်တွေရှိမှာပါ ။ Tidal က လက်ရှိ တစ်ခြားmusic တွေထဲမှာ တစ်ခုထဲသော High Audio Quality နဲ့ နားထောင်လို့ရတဲ့ streaming service ပါ။ ဒါပေမဲ့ တစ်လ $20 ကတော့ နဲနဲများပါတယ်။ နောက်တစ်ခုက High Audio Quality (Flac format) နဲ့ လွှင့်တဲ့အတွက် သီချင်းတစ်ပုဒ်ကို 25 MB လောက်ရှိတဲ့ အတွက် ကိုယ့်ရဲ့ mobile data plan က များများရှိဖို့လိုပါတယ် ။
အပေါ်ကပြောသွားတဲ့ online music streaming service တွေမှာ စမ်းသပ်ကြည့်သလောက်တော့ တစ်ခုချင်းစီမှာ အားသာချက် အားနည်:ချက်တွေ ရှိပါတယ် ။ Spotify ဆိုရင် သူ့ရဲ့ အားသာချက်က device ပေါင်းစုံကနေ အသုံးပြုလို့ရပြီ:တော့ သူ့ ရဲ့ User Interface က တော်တော်လှပါတယ် ။ Apple Music ဆိုရင်လဲ သူက iOS software မှာ တစ်ခါထဲ ပါလာတာဖြစ်တဲ့အတွက် iOS user တိုင်းအသုံးပြုမယ်ဆိုရင် အသုံးအများဆုံး music service ဖြစ်လာပါလိမ့်မယ် ။ Tidal ကတော့ သူ့ရဲ့ အားသာချက်က သီချင်းအသံအရည်အသွေးပဲ ။ သူ့ရဲ့ ၁လကို $20 ပေးရတဲ့ plan ကနေ High Audio Quality format(Flac) နဲ့ နားထောင်နိုင်ပါတယ် ။Spotify နဲ့ Apple Music ကတောင် mp3 320 kbps format နဲ့ပဲ လွှင့်နိုင်ပါသေးတယ်။ယှဉ်နားထောင်ကြည့်တဲ့ အခါမှာ Tidal ကို Spotify နဲ့ Apple Music ကလုံးဝယှဉ်လို့မရပါဘူး ။ Tidal ရဲ့ sound quality ကလက်ရှိ ထိပ်ဆုံးကလို့ပြောလို့ရပါတယ်။ တစ်ခုတော့ ရှိတယ် mobile data တော့ တော်တော်ကုန်ပါတယ် ။
အပေါ်ကလိုမျိုး streaming service တွေ အပြင် Google Play Music တို့ Rdio တို့ Pandora တို့လို တစ်ခြား နံမည်ကြီး music streaming service တွေလဲရှိပါသေးတယ်။ မြန်မာကနေ စမ်းချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ App store Gift card တွေဝယ်ပြီ:တော့ စမ်းကြည့်လို့ရပါတယ်။ ၁ လကို ၁သောင်းကျော်လောက်ပေးပြီ:တော့ စိတ်ကြိုက်နားထောင်လို့ရတဲ့ အတွက် English song တွေကိုကြိုက်နှစ်သက်တဲ့သူအတွက်တော့ စမ်းကြည့်သင့်ပါတယ် ။
Tidal ကို iPhone/Pad များအတွက်ရယူအသုံးပြုလိုတယ်ဆိုရင်တော့ https://goo.gl/haryC0 မှာရယူနိုင်ပါတယ်။
Tidal ကို Android Devices များအတွက်ရယူအသုံးပြုလိုတယ်ဆိုရင်တော့ https://goo.gl/VlXxbJ မှာရယူနိုင်ပါတယ်။

ရေးသားသူ – Sai Thet



No comments:

Post a Comment