iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, July 23, 2015

The Guvnors(2014) မြန်မာစာတန်းထိုး (624.9 MB)



CM ပရိသတ်တွေအတွက် ဒီတစ်ခါ တော့ လမ်းသရဲ ဆန်ဆန် အက်ရှင် ဇာတ်ကြမ်းလေး The Gouvners ကို တင်ဆက်ပေးလိုက်ပါတယ်။ အထိုးအသတ် အတိုက်အခိုက် အက်ရှင် ဇာတ်လမ်းတွေကို နှစ်သက် ကြတဲ့ ပရိသတ်တိုင်း အကြိုက်တွေ့ ကြမှာပါ။

ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့....... ၉၀ နှောင်းပိုင်း နေ့ရက်တွေမှာ လန်ဒန် အရှေ့တောင် ပိုင်းကို စိုးမိုးခဲ့တဲ့ လမ်းသရဲ ဆန်ဆန် The Gouvners ဆိုတဲ့ဂိုဏ်း တစ်ဂိုဏ်း ရှိခဲ့ဖူးပါတယ်။အဲ့ဒီဂိုဏ်းဟာ သူတို့ပိုင်နက်က လူတွေကို သူတို့ ကိုယ်ပိုင် ဥပဒေ နဲ့ အုပ်ချုပ် နိုင်ခဲ့လောက်အောင် ဩဇာကြီးမားခဲ့တာပါ။ဒါပေမယ့် ခေတ်တွေ ပြောင်းလို့ ၂၀၁၄ အရောက်မှာ ခပ်ကြမ်းကြမ်း ကောင်လေး Adam (Hatley Sylvester ဦးဆောင် တဲ့ လမ်းသရဲလူငယ် အုပ်စု ကလည်း ဂျို ကြွ လာပါတယ်။ 

Adam ကလည်း ခေသူတော့မဟုတ်ဘူး။ဘယ်သူ့အပေါ်မဆို အကြမ်းဖက်ရဖို့ ဝန်မလေး တတ်တဲ့သူတစ်ယောက်။ဒီအချိန်ဟာ Gouvners အုပ်စု ရဲ့ခေါင်းဆောင် Mitch (Douge Allen) ရဲ့ စိတ်ထားပြောင်းလဲ လာချိန်နဲ့ တိုက်ဆိုင်လာပါတယ်။ Mitchဟာ သူ ကလေး ရလာချိန်မှာ အခြေတကျ အလုပ်အကိုင်တစ်ခု လုပ်ဖို့အတွက် The Gouvners အဖွဲ့က အတိတ်တွေကို ချန်ရစ်လိုက်တဲ့အချိန်ပါ။ လူငယ်သွေးကြွ Adamဟာ သူ့ရဲ့ လမ်းစဉ်ကို The Gouvners အဖွဲ့က ပိတ်ပင်နေတာမျိုးကို အပြီးသတ်ဖယ်ရှား ဖို့ စီစဉ်လာပါတယ်။

Gouvners အဖွဲ့ဝင်ဟောင်း Mickyနဲ့ ဇယားငြိပြီးနောက်မှာ Adamဟာ Mickyကိုရော Adamကိုပါ သုတ်သင်ဖို့ လှုပ်ရှားပါတော့တယ်။ဒါပေမယ့် လူမိုက်မှန်ရင် နောက်ကျော ဓားနဲ့ မထိုးဘူး ဆိုတဲ့ Adamရဲ့ ခံယူချက်အတိုင်း တိတ်တဆိတ် မလုပ်ကြံ ပဲ ဂိုဏ်းနှစ်ဂိုဏ်း ထိပ်တိုက်တွေ့ ကြဖို့ရွေးချယ်ခဲ့ပါတယ်။လန်ဒန်မြို့ ရဲ့ လမ်းကြားတွေကိုသွေးစွန်းစေခဲ့ပါတယ်။ တကယ့် အတိုက်အခိုက်အခိုက် အနှစ်သာရ ကို ခံစား ချင်သူများ အတွက် အရမ်း ကျေနပ်မှု ရစေမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီး ယူတတ်မယ် ဆိုရင် သင်ခန်းစာ တစ်ချို့ ကိုပါ ပေးစွမ်းနိုင်တာမို့ CM အချစ်တော်တွေအနေနဲ့ အခုပဲ အမြန်အဆန် ဒေါင်း သင့်ကြပါကြောင်း


channelmyanmar.com

No comments:

Post a Comment