မြန်မာနိုင်ငံရဲ့ Mobile ဈေးကွက်ထဲမှာ လူစိတ်ဝင်စားမှု အများအပြားရရှိခဲ့တဲ့ Xiaomi ဟာ အခုချိန်မှာတော့ Mi 4i model ကို 32 GB နဲ့ အိန္ဒိယနိုင်ငံမှာ စတင်ဖြန့်ချိလိုက်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ 16 GB အနေနဲ့ Xiaomi Mi 4i ကို ထုတ်လုပ်ခဲ့သော်လည်း အသုံးပြုသူတွေအတွက် Space မလုံလောက်တဲ့ ပြဿနာ ကြုံတွေ့ခဲ့ရပါတယ်။ Xiaomi Mi 4i 16 GB ဟာ Smart Phone အသုံးပြုသူတို့ရဲ့ မီဒီယာပိုင်းနဲ့ သက်ဆိုင်တဲ့ သီချင်းများ ၊ ဗီဒီယိုများ ၊ ဓါတ်ပုံများ အတွက် memory space မလုံလောက်သည့် ပြဿ နာများ ကြုံတွေ့ရသည်ကို ပြန်လည်ပြင်ဆင်ကာ Space 32 GB တိုးမြှင့်ပြီးထပ်မံ ထုပ်လုပ်လိုက်ပါတယ်။ ဒါပေမဲ့ အိန္ဒိယ နိုင်ငံမှာသာ စတင်ဖြန့်ချိအုံးမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ အမေရိကန်ဒေါ်လာ 236 ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ 32 GB ကိုထုတ်လုပ်ပေမဲ့လည်း ဈေးကွက်ထဲမှာတော့ 16 GB model ကတော့ ရှိနေအုံးမှာဖြစ်ပြီး ဈေးနှုန်း အမေရိကန် ဒေါ်လာ 205 ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။
Xiaomi Mi 4i 32 GB ရဲ့ specification တွေကတော့ 16 GB နဲ့ ကွဲပြားမှု မရှိပဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ 5 လက်မ Full HD Display ။ Processor အနေနဲ့ Octa-core snapdragon 615 Soc ကို အသုံးပြုထားပြီး RAM ကတော့ 2 GB RAM ကို အသုံးပြုထားပါတယ်။ Back Camera 13 MP ကို အသုံးပြုထားသလို front camera အတွက် 5 MP ကို အသုံးပြုထားပါတယ်။ Wireless အနေဖြင့် Wi-Fi နှင့် Bluetooth 4.1 တို့ကို ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီကတော့ 3120 mAh ဖြစ်ပြီး UI ပိုင်းကိုတော့ Android 5.0 ကိုအခြေပြုဖန်တီးထားတဲ့ MIUI ကို အသုံးပြုထားပါတယ်။
Xiaomi Mi ရဲ့ ဈေးကွက်ကတော့ အသုံးပြုသူတို့အားလုံးသိကြတဲ့အတိုင်း အွန်လိုင်း စတိုးများတွင်သာ ရောင်းချနေတာဖြစ်ပါတယ်။ ထိုသို့ အွန်လိုင်း စတိုးများတွင်သာ ရောင်းချနေတဲ့ Xiaomi ဟာ အခု Xiaomi Mi 4i 32 GB ကိုလည်း နာမည်ကျော် အွန်လိုင်း စတိုးများဖြစ်သည့် Flipkart, Amazon နှင့် Snapdeal တို့မှာ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ကြိုတင်အော်ဒါမှာယူသူများအနေဖြင့်လည်း Xiaomi ရဲ့ Website မှာ အော်ဒါမှာယူရမှာဖြစ်ပါတယ်။ ကြိုတင်မှာယူသူများအနေဖြင့် အရောင်ကတော့ မီးခိုးရောင်ကို မှာယူရရှိနိုင်မှာဖြစ်ပါတယ်။
Source : Xiaomi India
Aung Ko Htet (MMAS)
No comments:
Post a Comment