iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, August 12, 2015

Alphabet အမည်ပြောင်းလိုက်တဲ့ Google

Google ဟာ မထင်မှတ်ပဲ ဒီလထဲမှာ  အပြောင်းလဲကြီးပြောင်းလဲလိုက်ပြီး ကမ္ဘာ့နည်းပညာလောကရဲ့ အာရုံစိုက်ခြင်းကို အရယူနိုင်ခဲ့ပါတယ်။ Google ဟာ အရင်က ကုမ္ပဏီနာမည်ကို Google အနေနဲ့ ထားရှိခဲ့ပြီး ကုမ္ပဏီရဲ့ ထုတ်ကုန်တွေအဖြစ် Gmail , Youtube , Android စတဲ့ ထုတ်ကုန်တွေဟာ Google အမည်ခံနဲ့ပဲ ထွက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ Google က သူတို့ရဲ့ နောက်ကွယ်မှာ အမြဲတမ်းရှိနေခဲ့တဲ့ Alphabet ဆိုတဲ့ နာမည်ကို တရားဝင် အသုံးပြုလိုက်ပါပြီ။
အခုချိန်ကစပြီး  Alphabet ဟာ Google ရဲ့ အမည်ခံ ကုမ္ပဏီအနေနဲ့ တရားဝင် ရပ်တည်တော့မှာဖြစ်ပြီး Google ရဲ့ Products တိုင်းဟာ Alphabet ရဲ့ လက်အောက်ကနေထုတ်ရတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် Google အနေနဲ့ အရင်က ဖွဲ့စည်းထားတဲ့ ကုမ္ပဏီအတွင်းပိုင်း ဖွဲ့စည်းပုံ ၊ ရင်းနှီးမြှပ်နှံမှုနဲ့ အကျိုးအမြတ်စတာတွေကို အသစ်တစ်ဖန်ပြန်လည် ခွဲခြား စီမံရတော့မှာဖြစ်တဲ့အတွက်ကြောင့် ခွဲခြားသင့်တာတွေကို ခွဲခြားပြီး ပြောင်းလဲသင့်တာတွေကို ပြောင်းလဲရတော့မှာဖြစ်ပါတယ်။
ဒါပေမဲ့ Google Search Engine ကိုတော့ ပြောင်းလဲမှာ မဟုတ်တဲ့အကြောင်းကို လက်ရှိ Alphabets ရဲ့ CEO ဖြစ်သူ လာရီပေ့ခ်ျက ပြောကြားထားပါတယ်။ Google Search Engine ကိုတော့ ဘာမှ အပြောင်းလဲလုပ်မှာ မဟုတ်ပဲ လက်ရှိထက် ပိုကောင်းအောင်ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ Google ရဲ့ ပြောင်းလဲမှုဟာ အဆိုးဘက်ကို မရောက်တဲ့အပြင် Alphabets ကိုပြောင်းလဲပြီလို့ စတင်ကြေငြာလိုက်တဲ့အချိန်တွင်းမှာပဲ Google ရဲ့ ရှယ်ယာဟာ ၅.၈ ရာခိုင်နှုန်းအထိ တိုးသွားခဲ့ပါတယ်။
Ref : Metro
Aung Ko Htet (MMAS)

No comments:

Post a Comment