iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, August 12, 2015

Google ရဲ့ စီအီးအိုအသစ် Sundar Pichai

ဆီလီကွန်ဗယ်လီကို အိန္ဒိယတွေ သိမ်းပိုက်နေပြီဆိုတဲ့ စကားက တကယ်မှန်ပါတယ်။ Apple, Google, Microsoft တို့လို ကုမ္ဗဏီကြီးတွေမှာဆိုရင် အိန္ဒိယအစားအစာတွေ သီးသန့်ရောင်းတဲ့ ကန်းသင်းရှိတာ လေးငါးနှစ်မကတော့ ပါဘူး။ လုပ်သားဘဝတင်မကပဲ ဦးဆောင်နိုင်တဲ့ အဆင့်အထိ ရောက်ရှိပြီဖြစ်ကြောင်းကို Google ကနေ အသစ်ခန့်အပ်လိုက်တဲ့ Sundar Pichai အမည်ရ ပုဂ္ဂိုလ်က သက်သေပြလိုက်ပါတယ်။
အသက် ၄၃ နှစ်သာ ရှိသေးတဲ့ Sundar ဟာ အိန္ဒိယက တောရွာတစ်ခုမှာ ကြီးပြင်းပါတယ်။ အိပ်ရာကုတင်တောင် မရှိလို့ ကြမ်းပြင်မှာ အိပ်ခဲ့ရသူ Sundar ဟာ အီလက်ထရောနစ် ပစ္စည်းများကို စိတ်ဝင်စားပါတယ်။ သူ့ရဲ့ အဖေဖြစ်သူဟာလည်း ဗြိတိန် အီလက်ထရောနစ် ကုမ္ဗဏီတစ်ခုမျာ အီလက်ထရောနစ် အင်ဂျင်နီယာဖြစ်တာကြောင့်လည်း ပါဝင်ပါတယ်။ ဒါကြောင့် Sundar ဟာ ငယ်စဉ်ကတည်းက လျှပ်စစ်ပစ္စည်းတွေကို ကလိ ပါတယ်။ အိန္ဒိယမှာပဲ နည်းပညာ တက္ကသိုလ်မှာ အီလက်ထရောနစ်တက်ပြီး စကော်လာရှစ်ဖြေတဲ့အခါ အမေရိကန် စတန်းဖို့ တက္ကသိုလ်မှာ Material Scienc ကို မာစတာ တက်ဖို့အတွက် ပညာသင်ဆု ရပါတယ်။ ပညာသင်ဆုရလို့ အမေရိကန်သို့ သွားတဲ့အခါ လေယာဉ်စရိတ်က သူ့အဖေရဲ့ တစ်နှစ်တာ ဝင်ငွေထပ်တောင် များနေပါတယ်တဲ့။
PhD အထိ တက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဆီလီကွန်ဗယ်လီမှာ နည်းပညာ ကုမ္ဗဏီတစ်ခုကို ဆက်သွယ်ပြီး chip နည်းပညာဆိုင်ရာ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ပါတယ်။ Google ကို ၂၀၀၄ ခုနှစ်က စတင် အလုပ်ဝင်ခဲ့ပြီး အင်ဂျင်နီယာ ဌာနငယ်လေးကနေ စပါတယ်။ သူ့ရဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ ယဉ်ကျေးချိုသာမှု၊ နိမ့်ချ ပြောဆိုဆက်ဆံတတ်မှု၊ ကြိုးစားတတ်မှု၊ ရဲဝံစွာ ပြောဆိုတတ်မှုများကြောင်း ပညာအစွမ်းပြခွင့်များ ရခဲ့ပြီး Google Chrome ဖြစ်လာဖို့ အကောင်အထည်ကို သူစဖော်ခဲ့တာ ဖြစ်ပါတယ်။ Google Chrome ရဲ့ စတင်သူအဖြစ်လည်း လူသိများပြီး နောက်တော့ Google ရဲ့ Android အပြင် အခြးသော အရေးကြီး product များကို အုပ်ချုပ်ရတဲ့ ဒုတိယ president ဖြစ်လာခဲ့ ပါတယ်။
လယ်ရီပေ့ဟာ Google ရဲ့ အသစ်ထောင်တဲ့ ကုမ္ဗဏီဖြစ်တဲ့ Alphabet အမည်ရ ကုမ္ဗဏီရဲ့CEO ဖြစ်သွားပါတယ်။ ယင်း ကုမ္ဗဏီဟာ Google ရဲ့ မိခင် ကုမ္ဗဏီအဖြစ် တည်ရှိမှာ ဖြစ်ပါတယ်။ Alphabet ဟာ Google နဲ့မတူပဲ ကမ္ဘာမှာ လိုအပ်လာမယ့် နည်းပညာအသစ်များ၊ ကုန်ပစ္စည်းအသစ်များကို အဓိက ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဆာဂျီဘင်းကတော့ President ဖြစ်ပါမယ်။ Google ရဲ့ စီအီးအိုဖြစ်ခဲ့သူ အရစ်ခ်ျစမတ်ကတော့ executive chairman ဖြစ်ပါမယ်။ ယင်း level သုံးခုမှာ သေချာတာကတော့ လယ်ရီပေ့နဲ့ ဆာဂျီဘင်းတို့က တန်းတူနီးပါးလောက်ရှိပြီး အရစ်စမတ်က အမှုဆောင်အနေနဲ့ ပါဝင်ပါလိမ့်မယ်။ အဓိကကတော့ ဆုံးဖြတ်ချက်ကို သုံးယောက် ပြိုင်တူချပြီး လုပ်ငန်းလုပ်ကြမယ့် သဘော ရှိပါတယ်။ Google ဆိုတာကတော့ သူတို့အတွက် လှည့်ကြည့်စရာ မလိုလောက်အောင် ကောင်းနေပြီဖြစ်တဲ့ Product တစ်ခုအဖြစ် ရှုမြင့်ပါလိမ့်မယ်။ ဒါကြောင့်မို့ အိန္ဒိယ အမျိုးသားတစ်ယောက်ရဲ့ လက်ထဲကို လွဲရဲတာလည်း ဖြစ်ပါလိမ့်မယ်။
Google ရဲ့ အဓိက value က Search ဖြစ်ပါတယ်။ Search Company က Alphabet ရဲ့အောက်က အခွဲတစ်ခုသာဖြစ်ပြီး Alphabet အနေနဲ့ အခြားအရာများကို အတော်လေး အာရုံဆိုက်လာမယ့် အနေအထား ဖြစ်ပါတယ်။ Sundar ကတော့ ပြိုင်ဘက်တွေအကြား Google ရဲ့ YouTube, Ads, Search, Android, Chrome အစရှိသဖြင့် product များကို ဆက်လက်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
Ref: telegraph
အောင်ခမ်း (MMAS)

No comments:

Post a Comment