Director: Tommy O'Haver ရိုက်ကူးတင်ဆက်ထားပြီး
December 7, 2007 (Sweden) မှာ ရုံတင်ခဲ့တဲ့ အမေရိကန် တစ်နိုင်ငံလုံးကို
တုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း ရုပ်ရှင်ဖြစ်ပါတယ်...
ဒီဇတ်ကားကို ကျနော် တောင်းဆိုသဖြင့် Channel Myanmar ရဲ့ Admin တစ်ဦးဖြစ်သူ
Little Neo မှ အချိန်ပေး အသေးစိတ်က အစ ဘာသာပြန်ခဲ့တာဖြစ်ပြီး
ဘာသာပြန်နေစဉ် အချိန်အတွင်း ဇတ်ကားအတွင်းက ရက်စက်မှုတွေကြောင့်
စိတ်မကောင်းဖြစ်ပြီး ရက်အနည်းငယ် အချိန်ထပ်ယူပြီးမှ ဘာသာပြန်ခဲ့ရပါတယ်
အလွန်တရာ စိတ်ထိခိုက်စရာတွေ မြင်ရလို့ပဲ ဖြစ်ပါတယ်
==================
ဇတ်လမ်း အကျဉ်း
==============
နယ်လှည့်ပွဲဈေး ရောင်းသူ လင်မယား နှစ်ယောက်ရှိပါတယ်
သူတို့မှာ သမီးကြီး ဆလ်ဗီယာ နဲ့ သမီးငယ် ဂျန်းနီ ဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်
သမီးကြီး ဆလ်ဗီယာ မှာ စိတ်ထားရိုးဖြောင့်လှသူဖြစ်ပြီး ခြေထောက်မသန် ပိုလီယို ဖြစ်နေသော
ညီမဖြစ်သူ ဂျန်းနီ အပေါ်တွင်လဲ အနွံတာ ခံသူ တစ်ယောက်ပါ...
တစ်ရက်မှာတော့ သူမ တို့ မိဘ တွေနဲ့ မြို့တစ်မြို့က ခရစ်ယာန် ဘုရားကျောင်းတွင်
တရားဟော သွားနားထောင်စဉ် ဂါထရု ရဲ့ သမီးတွေ နဲ့ တွေ့ပြီး
သူတို့ ညီအစ်မ နှစ်ယောက်ဟာ ဂါထရု တို့ အိမ်ကို အလည်လိုက်သွားပါတော့တယ်
ကလေးတွေ နဲ့ ပတ်သက်ပြီး အမျိုးသမီးကြီး ဂါထရု နှင့် ဆလ်ဗီယာ ရဲ့ အဖေ တို့
တွေ့ဆုံကြပြီ ကလေးတွေ ကျောင်းပြောင်းပြောင်းနေရတာ မလွယ်ကြောင်း
အိမ်မှာလဲ သမီးတွေ ရှိလို့ ဆလ်ဗီယာ နဲ့ ဂျန်းနီ ကို စိတ်ချ လက်ချ အပ်ခဲ့ပါ
တစ်ပတ် ကို ဒေါ်လာ ၂၀ ပဲ ပေးပါလို့ နားချတော့ ဆလ်ဗီယာ အမေနဲ့ တိုင်ပင်ပြီး
ကလေးတွေကို ဂါထရု တို့ အိမ်မှာ အပ်ခဲ့တယ်...
တစ်ရက်သော နေ့မှာတော့ ဆလ်ဗီယာ အဖေ ငွေပို့တာ ရောက်မလာသေးလို့ ဆိုပြီး
ဆလ်ဗီယာ နဲ့ ဂျန်းနီ ကို မြေအောက်ခန်းထဲ ခေါ်သွားပြီး တစ်ယောက် ၃ ချက်
ကြာပွတ်နဲ့ ရိုက်တယ် ဂျန်းနီ မှာ မကျန်းမာသူမို့ တစ်ချက်အရိုက်ခံရပြီး ငိုနေလို့
ဆလ်ဗီယာ က ဂျန်းနီ အစား အရိုက်ခံပါ့မယ် ဆိုပြီး အရိုက်ခံလိုက်ရပါတယ်...
နောက်နေ့ ဆလ်ဗီယာ နဲ့ ဂျန်းနီ တို့ဟာ ကျောင်းနားက အမှိုက်တစ်ချို့ ကောက်ရောင်းပြီး
ရတဲ့ ပိုက်ဆံလေးနဲ့ သူတို့ မိဘ တွေဆီ သွားဖုန်းဆက်ပါတယ်
နေရတာ အဆင်မပြေဘူး ဂါထရုက ပိုက်ဆံပို့ နောက်ကျလို့ စိတ်ဆိုးတယ် ဆိုပြီး
မိဘ တွေကို ပြောပြပေမယ့် အလုပ်ရှုပ်နေတဲ့ မိဘတွေဟာ အဆုံးထိ သေချာနားမထောင်ပါဘူး
နောက် လဆို လာခေါ်ပါမယ် လိမ်လိမ်မာမာ နေကြပါဆိုပြီး ပြန်ပြောလွှတ်လိုက်တယ်
ဖုန်းဆက်တာကို မြင်သွားတဲ့ ဂါထရု ရဲ့ သမီးတွေက သူတို့ အမေကို ပြန်တိုင်တဲ့အခါ
ဂါထရုက ပိုက်ဆံခိုးပါတယ်လို့ စွပ်ဆွဲပြီး ဆလ်ဗီယာ ကို ဆေးလိပ်မီး နဲ့ တစ်ကိုယ်လုံးကို
တို့ပြီး နှိပ်စက်ပါတယ် နောက်ရက်များမှာလဲ ပြသနာမျိုးစုံရှာပြီး နည်းမျိုးစုံနဲ့
ဆလ်ဗီယာ ကို နှိပ်စက်ပြန်ပါတယ် ဂျန်းနီ အစား သူပဲ ခံတဲ့ အတွက်
ဂျန်းနီ အနှိပ်စက်မခံရပေမယ့် ဆလ်ဗီယာ တစ်ယောက်မျာတော့ သေလုမျှောပါးပါပဲ...
တစ်ရက်မှာတော့ ဂါထရု ရဲ့ သမီးကြီး ကိုယ်ဝန်ရှိနေတယ်လို့ လူတကာကို လိုက်ပြောပါတယ်ဆိုပြီး
ဆလ်ဗီယာ ကို စွပ်ဆွဲပါတယ် အပြစ်ပေးတယ်ဆိုပြီး တစ်စိမ်းယောင်္ကျားလေးတွေ ရှေ့နဲ့
တစ်အိမ်သားလုံးရှေ့မှာ အပျိုလေး ဆလ်ဗီယာ ကို မဖွယ်မရာ လုပ်ခိုင်းခဲ့ပြီး
မြေအောက်ခန်းထဲ တွန်းချပီး အစာရေစာ မကျွေးပဲ ကြိုးဖြင့် ချည်နှောင်ထားခဲ့ပါတယ်..
အော်သံတွေကို အိမ်နီးနားချင်းတွေက ကြားပေမယ့် သူများကိစ္စ၀င်မပါတာကောင်းတယ်ဆိုပြီး
မသိကျိုးကျွန်သာ ပြုနေခဲ့ပါတော့တယ်..
ဂျန်းနီမှာလဲ ဂါထရုက ချောက်ထားသဖြင့် မည်သူ့ကိုမျှ မပြောရဲပဲ ကျိတ်ငိုနေခဲ့ပါတော့တယ်...
ဆလ်ဗီယာ ကို ချုပ်ထားသည့် ရက်များအတွင် ဂါထရု ၏ အငယ်ဆုံးသား ဂျွန်နီ မှာ
ကျောင်းက ကလေးတစ်ချို့ကို ခေါ်လာပြီး မြေအောက်ခန်းတွင်း ဆလ်ဗီယာ အား
ခြေထောက်ဖြင့် ကန်ချင်း လက်သီးဖြင့် ထိုးချင်း ရေဖြင့် ပတ်ချင်း ဖြင့် လူပေါင်းစုံဖြင့်
မျိုးစုံ နှိပ်စက်လျက် ရှိပါတော့တယ်..
ဆလ်ဗီယာ မှာ တောင်းပန်ပါတယ် ဆိုတဲ့ စကားသာ အသံတိုးတိုးလေးပြောနိုင်ပြီး
မျက်ရည်များသာ စီးကျပြီး ဒုက္ခက လွတ်မြောက်ဖို့ ဘုရားမှာသာ ဆုတောင်းနေမိပါတော့တယ်..
============================
စာရေးသူ အမြင်
=============================
ဒီဇတ်ကားလေးဟာ ဖြစ်ရပ်မှန်ဖြစ်ပြီး မိဘ များသည် စိတ်ကွယ်ရာတွင် အရွယ်မရောက်သေးသော
မိမိ တို့၏ သားသမီးများကို ယုံကြည်စိတ်ချစွာ အပ်နှံထားကြတာ အတော်များလာပါသည်
စီးပွားရေးတစ်ခုသာ သိပြီး မိဘမေတ္တာမပေးနိုင်ချင်း ဂရုမစိုက်နိုင်ချင်းတွေကြောင့်
ယခု ဇတ်ကားပါ ဆလ်ဗီယာ ကဲ့သို့ နှိပ်စက်မှုများ ရာဇ၀တ်မှုတွေ ဖြစ်ပေါ်နေပါတယ်
အိမ်နီးချင်းတွေ ဆိုသည်မှာလဲ ကလေးသူငယ်နှိပ်စက်ညှင်းပန်းခံရရင် ကိုယ်နဲ့ မဆိုင်သကဲ့သို့
မနေသင့်ပါကြောင်း ဒီရုပ်ရှင်လေးက သက်သေပြနေပါတယ်...
ဒီဇတ်ကား ကြည့်ရင်း မျက်ရည်တွေ ကျမိတယ် ငါ့ နှမ ငါ့သမီး သာဆို
ဘယ်လိုလုပ်မလဲလို့ ဒီဖြစ်ရပ်မှန် မှုခင်းဟာ Time သတင်းစာမှာပါ ပါလာခဲ့ပါတယ်..
အောက်က ပုံကတော့ သနားစရာ နှိပ်စက်ညှင်းပန်းခံရတဲ့ ဆလ်ဗီယာ ရဲ့ ပုံပါ
ဆလ်ဗီယာ လိုအပ်ခဲ့တာ သူ့မိဘ အရိပ်အာဝါသ ပါ သူစိမ်းတွေနဲ့ အတူနေခဲ့ရပြီး
နှိပ်စက်ခံခဲ့ရလဲ သူ့မှာ သူ့ညီမလေးကို ကာကွယ်လိုစိတ် အပြည့်ရှိခဲ့ပါတယ်...
အောက်က ပုံကတော့ နှိပ်စက်ခံရတဲ့ ဆလ်ဗီယာ ကို ရဲတွေ ရှာတွေ့ခဲ့တဲ့ ပုံစံပါ
တကိုယ်လုံး ဆေးလိပ်မီးတို့ထားတာတွေ အပ်နဲ့ ဖောက်ထားတာတွေ ဒါးနဲ့ ခြစ်ထားတာတွေ အစုံအလင်ပါ
ဒီဇတ်ကားလေးကို ရုပ်ရှင်သက်သက် အနေနဲ့ ကြည့်တာအပြင် မိမိ ပတ်ဝန်းကျင်မှာ
နှိပ်စက်ညှင်းပန်းခံရတယ်လို့ သံသယ ရှိလာခဲ့ရင်လဲ တာဝန်ရှိသူတွေကို တိုင်ကြားတာဖြစ်ဖြစ်
ကိုယ်တိုင်ပါဝင် တားဆီးတာ ဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်
မိမိ တို့ သားသမီးတွေကိုလဲ အရွယ်မရောက်သေးရင် အဝေးကြီးမှာ စိတ်ချယုံကြည်စွာမထားသင့်ပါ
ကလေးတွေ စိတ်ထဲ အရိပ်မည်းကြီးတွေ မ၀င်အောင် ဂရုစိုက်ပေးကြပါ...
လူတွေရဲ့ ရက်စက်တက်မှု ဟာလဲ အသက်အရွယ် နဲ့ နေရာဒေသ မရွေးပါဘူး
သူများအနှိပ်စက်ခံနေရတာကိုလဲ မသနားတက်ကြပါဘူး ပုန်းကွယ်နေခဲ့တာမျိုးပါပဲ
လူလူချင်း စာနာသနားတက်ကြပါစေဗျာ...
channelmyanmar.com
No comments:
Post a Comment