iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, August 20, 2015

Andriod App များ သုံးလို့ရမည့်Blackberry မှ စလိုက်ဒါဖုန်း ထွက်မည်

Blackberry 10 OS မှာ Android App များကို install လုပ် သုံးလို့ရတာ သိတဲ့သူများ သိကြမှာပါ။ ယခု ပုံမှာ မြင်တွေ့ရတဲ့ ဖုန်းက ရရုံတင်မကပဲ Google Play Store service ပါတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Blackberry အနေနဲ့ slide လုပ်လို့ရတဲ့ ဖုန်းကို ထုတ်ပါတယ်။ BlackBerry Venice လို့ အမည်ပေးထား ပါတယ်။
ဖုန်းမှာက Slide အပိုင်းကို သီးသန့်ဝယ်ယူလို့လည်း ရပါတယ်။ ဖုန်းက touch screen ဖုန်း ဖြစ်ပြီး ခလုပ်နှိပ် သုံးချင်ရင် စလိုက်ကို သီးသန့် ဝယ်ရတာမျိုး ဖြစ်ပါတယ်။ ယခုနှစ်မကုန်ခင် ထွက်ရှိမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ Google နဲ့ တရားဝင် သဘောတူညီမှု ယူပြီး ထုတ်လုပ်ထားခြင်း ဖြစ်တာကောင့် အရင်ကလိုမျိုး Google Play က app တွေကို နည်းအမျိုးမျိုးနဲ့ hack ယူပြီး ထည့်စရာ မလိုတော့ ပါဘူး။ Blackberry အနေနဲ့ သူတို့ စမတ်ဖုန်းရောင်းအား ကျမသွားအောင် အခြား OS Platform တစ်ခုနဲ့ ချိတ်ဆက်ခြင်းမျိုး ဖြစ်ပါတယ်။
Blackberry အနေနဲ့ တရားဝင် ကြေညာထားခြင်း မဟုတ်သေးပဲ ဓာတ်ပုံများ ထွက်ရှိလာခြင်း ဖြစ်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:

Post a Comment