iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, August 11, 2015

ပေါက်ချောင်းအတွင်း ရွှေယောမန်းမှန် လုံအမြန်ယာဉ်တစ်စီး နစ်မြုပ်


 ပေါက်၊ သြဂုတ် ၁၀

 မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း မိုးများ အဆက်မပြတ် ရွာသွန်း မှုကြောင့် ပေါက်ချောင်းရေ ကြီးမှုများဖြစ်ပေါ်လျှက်ရှိရာ ခရီးသွား ပြည်သူများ မော်တော် ယာဉ်များ ဆိုင်ကယ်များ ခရီးသွားလာမှုနှောင့်နှေးခဲ့သည်။


ယခုအခါ ကျောချောင်းရေပြန်ကျ ချိန်တွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းလျက် ရှိရာ ယာဉ်လမ်းအပြောင်း အလဲဖြစ်ကာ သြဂုတ် ၉ ရက်ည ၁၂ နာရီက ရွှေယောမန်းခရီးသည် တင်မှန် လုံအမြန်ယာဉ်တစ်စီး တိမ်းစောင်းနစ်မြုတ်ခဲ့သည်။

အဆိုပါ တိမ်းစောင်းနစ်မြုတ်ရာသို့ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအေး နှင့် ရဲတပ်ဖွဲ့ဝင် များ ပေါက်ချောင်းအနီးသဝိုက်ရှိ အလုပ်သမားများ စက်ကြီးများဖြင့် အဆိုပါယာဉ် နစ်မြုတ်မှုကို အချိန်မီ ပြန်လည်ရရှိ ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဉာဏ်တိုး(ပေါက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment