iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, August 11, 2015

ဟားခါးမြို့ကို နေရာရွှေ့မယ်


 မိုးတွေ ဆက်တိုက် ရွာခဲ့ပြီးနောက် မြေပြိုမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ချင်းပြည်နယ် ဟားခါး မြို့တော်ကို သဘာဝ ဘေးအန္တရာယ်ကနေ ကာကွယ်ဖို့ မဖြစ်မနေ နေရာရွှေ့ရတော့မယ်လို့ ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

ပြည်တွင်း ပြည်က ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဟားခါးမြို့ ပြောင်းရွှေ့ ရမယ့် နေရာကို သတ်မှတ်မှာ ဖြစ်ကြောင်း၊ အဲဒီနောက် မြို့ပြ စီမံကိန်း ရေးဆွဲမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးများခဲ့တဲ့အတွက် ဟားခါးမြို့ အရှေ့ဘက်ခြမ်းက ရပ်ကွက် တချို့မှာ မြေပြိုမှုတွေ ဖြစ်ခဲ့တာပါ။

ဟားခါး မြို့ပေါ်က အိမ်ထောင်စု တစ်ထောင်ကျော် ဟာလည်း ဒုက္ခသည် စခန်း ၇ ခုမှာ ခိုလှုံ နေကြရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment