iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, August 21, 2015

ဝမ်ပေါင်ကုမ္ပဏီမှတရုတ်ဝန်ထမ်းတဦး မူးယစ်ဆေးသုံးစွဲပြီး ဆူပူရမ်းကား

သြဂုတ်လ(၁၉)
ဝမ်ပေါင်ကုမ္ပဏီမှဝန်ထမ်းတဦးဖြစ်သူသည်
မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်မူမမှန်ဖြစ်ကာ
စိတ်မူမမှန်ဖြစ်ကာ ညောင်ပင်ကြီးလမ်းဆုံတွင်
ရမ်းကားနေသဖြင့် သက်ဆိုင်ရာကုမ္ပဏီမှ
လုံခြုံရေးများကလာရောက်ခေါ်ယူသွားကြောင်း
ဒေသခံတဦးဖြစ်သူ ကိုစိုးမြင့်မှသတင်းပေးပို့ပါသည်။
သတင်းထောက်မှဆက်သွယ်မေးမြန်းရာတွင်
အဆိုပါ ရမ်းကားသူမှာ တရုတ်လိုအော်ဟစ်ပြောဆိုပြီး
လမ်းသွားလာသူ အမျိုးသမီးသမီးတဦးအား
တရုတ်ငွေများထုတ်ပြပြီး သူနှင့်ပျော်ပါးရန်
ခေါ်ယူနေကြောင်း ပတ်ဝန်းကျင်ရှိအမျိုးသမီးများကိုလဲ
လက်ယပ်ပြီး ခြေဟန်လက်ဟန်ဖြင့် ပျော်ပါးရန်
ပြုလုပ်ခဲ့ကြောင်း ကိုစိုးမြင့်မှပြောကြားခဲ့ပါသည်။
လွန်ခဲ့သော လအနည်းငယ်ခန့်ကလဲ
တရုတ်ပြည်မှလာရောက် လုပ်ကိုင်နေသော
ဝန်ထမ်းတဦးသည် အမျိုးသမီးတဦးကို
ငွေကြေးဖြင့်ဖြားယောင်း၍ဇနီးအဖြစ်လက်ထပ်
ပေါင်းသင်းကာ တရုတ်ပြည်သို့ခေါ်ယူသွားသဖြင့်
ဒေသခံများအကြားတွင် စိုးရိမ်လျှက်ရှိနေကြောင်း
သိရှိရပါသည်။
ကိုထွန်းဦး (မုံရွာ)

No comments:

Post a Comment