iCon
zawgyi သို့ မဟုတ် unicode
Friday, August 7, 2015
ဒိုလေးရဲ့ အမာခံ ပရိတ်သတ်တစ်ယောက် အကြောင်း
ကျွန်ုပ်တို့သာ ရီးရဲမက်ဒရစ် တိုက်စစ်မှုး Cristiano Ronaldo လို ဘ၀ မျိုးကို ရမယ်ဆိုရင် ဘယ်လိုဖြစ်လိမ့်မလဲလို့ စိတ်ကူးယဉ်ကြည့်လို့ရပါတယ်။ သူဟာ ဂိုးတွေ အများကြီးသွင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်။ ဆုဖလားတွေ အများကြီး ကိုင်မြှောက်ခွင့်ရတယ် ။ နှစ်စဉ် ၀င်ငွေ သန်းနဲ့ချီပြီး ရှိတယ်။ ရုပ်ရည်ကလည်း ချောမောတယ်။
အခုတော့ ဒိုလေး ရဲ့ အမာခံ ပရိတ်သတ် ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ဟာ စိတ်ကူးယဉ်ကြည့်တာ ထက် ပိုတဲ့ အဆင့်ကို ရောက်သွားပါပြီ။ သူဟာ စတာလင်ပေါင် ထောင်ပေါင်းများစွာကို သုံးစွဲပြီး ဒိုလေးလို ပုံစံမျိုး ဖြစ်လာဖို့ ပြောင်းလဲခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံ ၊ Odense မြို့မှာ နေထိုင်တဲ့ Shanta ဟာ သူ့ရဲ့ မျိုးရိုး အမည်ကိုလည်း များသောအားဖြင့် ရော်နယ်ဒို လို့ ရေးလေ့ရှိပြီး ဒိုလေး နဲ့ တွေ့ဆုံနိုင်ဖို့အတွက် ဒီနှစ်ထဲမှာတင် မက်ဒရစ် မြို့ကို ခရီး ၅ ခါ သွားခဲ့တယ်လို့ သိရပါတယ်။
အသက် ၁၇ နှစ်သာရှိသေးတဲ့ Shanta ဟာ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဒိုလေး ရဲ့ ဖက်ရှင် အယူအဆတွေကို တစ်ထပ်တည်း ကူးယူ အသုံးချပြီး ဒိုလေး ၀တ်ခဲ့တဲ့ အ၀တ်အစားတွေကို လိုက်ဝယ်ခြင်း ၊ ဒိုလေး ရဲ့ ဘောလုံးဂျာစီများကို ၀ယ်ယူစုဆောင်းခြင်းနဲ့ ဒိုလေး ရဲ့ ဆံပင် ပုံစံ အတိုင်းလည်း လိုက်ညှပ်ခဲ့တယ်လို့ သိရပါတယ်။
"ကျွန်တော်သူ့လိုဘ၀မျိုးကိုရချင်တဲ့အကြောင်းအရင်းကတော့ သူဟာ ချမ်းသာ ၊ ကျော်ကြားပြီး ဘ၀တစ်ခုမှာ နေထိုင်နိုင်စွမ်းရှိလို့ပါ။ ကျွန်တော်သူနဲ့ အကြိမ်ပေါင်းများစွာ ဆုံခဲ့ဖူးပါတယ်။ သူဟာ ဘယ်လိုလူမျိုးလဲဆိုတာကို ပြောမပြတတ်တော့အောင်ပါပဲ" လို့ Shanta က ဆိုပါတယ်။
Shanta ရဲ့ ပြောပြချက်အရတော့ သူဟ ဒိုလေးကို လေးစား ရုံတင်မကပဲ အားကျတဲ့ အဆင့်အထိဖြစ်နေကြောင်း ၊ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစု ၀င်တွေကလည်း သူ့ကို ခရစ္စတီယာနို ရော်နယ်ဒို ဟု ခေါ်ကြတယ်လို့လည်း သိရပါတယ်။ ဒိုလေးဟာ ၂၀၀၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကနေ ရီးရဲမက်ဒရစ် အသင်းကို စံချိန် တင်ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment