iCon
![[IMG]](https://78.media.tumblr.com/d5a502bfc2544b1b0c3f1625ef10c913/tumblr_mv4zqcNwFj1s1va72o1_400.gif)
zawgyi သို့ မဟုတ် unicode
Friday, August 7, 2015
လီဗာပူး ကနေ မန်စီးတီး ကို ပြောင်းရွှေ့ရတာဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ Raheem Sterling ဆို
လီဗာပူး အသင်းကို စွန့်ခွာပြီး မန်ချက်စတာစီးတီး အသင်းကို ပြောင်းရွှေ့ရတာဟာ လွယ်ကူတဲ့ ဆုံဖြတ်ချက် တစ်ခုပဲ ဖြစ်တယ်လို့ Raheem Sterling က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အသက် ၂၀ အရွယ် Sterling ဟာ ပြီးခဲ့တဲ့ လတုန်းက လီဗာပူး အသင်းကနေ မန်ချက်စတာစီးတီး အသင်းကို စတာလင်ပေါင်၄၉ သန်း နဲ့ ပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက် ဈေးအကြီးဆုံး ဗြိတိန် ကစားသမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဘောလုံးရာသီ အသစ်အတွက် ကလပ် အသင်းရဲ့ ပရိတ်သတ်တွေနဲ့ တွေ့ဆုံရာမှာတော့ Sterling က " ကျွန်တော် ကို မန်စီးတီး စိတ်ဝင်စားနေတယ်ဆိုတာကို ပထမဆုံး သိလိုက်ရတဲ့အခါမှာ ဆုံးဖြတ်ချက်တွေက လွယ်ကူခဲ့ပါတယ်။ သူတို့ဆီမှာရှိတဲ့ ကစားသမားတွေ နဲ့ဆိုရင် မန်စီးတီး ဟာ အရမ်းဆွဲဆောင်မှု ရှိတဲ့နေရာပါ။ ကျွန်တော် ဒီဆုံးဖြတ်ချက်ကို ချရတာ ပျော်ပါတယ်။" လို့ ဆိုပါတယ်။
အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်တဲ့ Sterling က သူ့ရဲ့ ရည်ရွယ်ချက်ကတော့ မန်စီးတီး အတွက် အကောင်းဆုံး စွမ်းဆောင်ပေးဖို့နဲ့ ရာသီ အဆုံးမှာ ဆု တစ်ခုခု ကို ရနိုင်အောင် ကြိုးစားပေးဖို့ပဲ ဖြစ်တယ်လို့ ထည့်သွင်းပြောကြားထားပါသေးတယ်။
ထို မိတ်ဆက်ပွဲမှာတော့ ပြီးခဲ့တဲ့လ တုန်းက မန်ချက်စတာစီးတီး အသင်းနဲ့ ရီးရဲမက်ဒရစ် အသင်းတို့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ဒူးကောက်ကြော ဒဏ်ရာရရှိခဲ့တဲ့ Fabian Delph လည်း တက်ရောက် မိတ်ဆက်ခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း သူ့အနေနဲ့ အက်စတွန်ဗီလာ အသင်းကနေ စတာလင်ပေါင် ၈ သန်း နဲ့ ပြောင်းရွှေ့လာပြီးကတည်းက သူ့ရဲ့ အနာဂါတ်အတွက် မန်စီးတီး မှာ သေချာတဲ့ အဖြေ တစ်ခုတော့ မရှိသေးပါဘူး။
( Mario )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment