iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 22, 2015

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား


 ရန်ကုန်၊ သြဂုတ် ၂၁

 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၂) ရပ်ကွက်၊ သံလျှက်စွန်းလမ်းရှိ မြန်မာ့စီးပွားရေး ကော်ပရေးရှင်း အမှတ် (၁) ဓာတ်ငွေ့စက်ရုံတွင် ယနေ့နံနက် ၁၁း၄၄ အချိန်က အက်စီတလင်း ဓာတ်ငွေ့အိုးဖြည့်ရုံအတွင်း ဓာတ်ငွေ့ဖြည့်ပြီးပိုက်ပိတ်ရာမှ ဓာတ်ငွေ့ယိုစိမ့် ၍ လေနှင့်ဓာတ်ပြုပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်ရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသန့်ကျော်ကျော် ဦးစီး၍ အထောက်အကူပြု ယာဉ် (၁) စီး၊ ကွပ်ကဲ မှုနှင့်အုပ်ချုပ်မှုယာဉ် (၅) စီး၊ မီးသတ်ယာဉ် (၄၄) စီး၊ တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း (၁၀၀) ကျော်ခန့် လာရောက်မီးငြိမ်းသတ်ခဲ့ရာ (၁၂း၀၀) အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။


အခင်း ဖြစ်ပွားရာနေရာသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ စစ်တိုင်းမှူး၊ ဗျူဟာမှူး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့က အနီးကပ် ကြီးကြပ် ကွပ်ကဲဆောင်ရွက် ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဓာတ်ငွေ့စက်ရုံတွင် တာဝန်ကျသည့် ဦးမောင်သူ (အငယ်တန်းအင်ဂျင်နီယာ)၊ ဓာတ်ငွေ့စက်ရုံ အရာထမ်းအိမ်ရာနေသူနှင့် ဦးသိန်းသန်းလင်း (ကျွမ်းကျင်-၄) တို့ (၃) ဦးသည် မီးဟပ်အပူလောင် ဒဏ်ရာနှင့် ပွန်းရှ ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် (မစိုးရိမ်ရ) ဆေးကုသမှုခံယူလျက် ရှိသည်။ မီးလောင်မှုကြောင့် အက်စီတလင်း ကုဗပေ (၁၀၀၀၀)ခန့်၊ ဆုံးရှုံးမှုတန်ဖိုး (၇၀၀၀၀၀/-)ခန့် ဖြစ်ကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်အား မီးသတ်ဦးစီးဌာနမှ Level 3 အဆင့် သတ်မှတ်ထားကြောင်း သိရှိရပါသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment