iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 22, 2015

super cell အကြောင်းလေးပါ

Clash of Clan (COC) ဂိမ်းကစားသူများအဖို့ ဂိမ်းကိုဖွင့်လိုက်တဲ့အခါအောက်ပါပုံတွေ့ရမှာပါ...
အဲဒါကတော့ COC ဂိမ်းကိုထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်သော Supercell ကိုအက္ခရာသုံးလုံးစီ သုံးတန်းစဉ်ထားတာပဲဖြစ်ပါတယ်။COC ဂိမ်းကုမ္ပဏီရဲ့ အစပြုခဲ့တဲ့ရုံးခန်းပုံနဲ့ နောက်ပိုင်းတိုးတက်များပြားလာသော ဝန်ထမ်းများရဲ့ပုံများကိုလည်းဖော်ပြပေးလိုက်ပါတယ်။
Supercell ကုမ္ပဏီကို အနည်းငယ်မျှရှိသော ရိုးရှင်းသည့်ယုံကြည်ချက်များဖြင့်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်....အဲဒါတွေကတော့....
"The Best People Make The Best Games"
အကောင်းဆုံးလူတွေက အကောင်းဆုံးဂိမ်းတွေကိုဖန်တီးကြတယ်
"Small and independent cells"
ဒါက COC အောင်မြင်ရခြင်းရဲ့ အဓိကအချက်လို့ထင်ပါတယ်...သူတို့ယုံကြည်တာက အရည်အသွေးမြင့်မားတဲ့ ရလဒ်တွေက သေးငယ်သော အဖွဲ့တွေမှာရှိသော သူတစ်ဦးချင်းစီရဲ့ သူတို့လုပ်ဆောင်နေမှုတွေအပေါ်မှာ ဘယ်လောက်အထိ ရူးသွပ်သလဲဆိုတာအပေါ်မူတည်တယ်လို့ဆိုပါတယ်။ဒီလိုမျိုး cells လေးတွေအများကြီးပေါင်းစုလိုက်တဲ့အခါ Supercell(COC ဂိမ်းကုမ္ပဏီရဲ့အမည်) ဖြစ်လာပြီး အံ့မခန်းတဲ့ လုပ်ဆောင်ချက်တွေထွက်ပေါ်လာနိုင်မှာပဲဖြစ်ပါတယ်တဲ့...
"Games that people will play for years."
တကယ့်ကို အောင်မြင်တဲ့ဂိမ်းတွေက နှစ်ရှည်လများကစားရတဲ့ဂိမ်းတွေဖြစ်ကြပါတယ်။ဥပမာ WOW ပေါ့။Supercell ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကတော့ အဲဒီလိုမျိုးဂိမ်းတွေကို လူမှုကွန်ရက်တွေနဲ့ချိတ်ဆက်ပြီး လူတိုင်း လွယ်လင့်တကူနဲ့ နှစ်ရှည်လများကစားနိုင်ဖို့ရည်ရွယ်တာလည်းဖြစ်ပါတယ်။
ဒီလိုမျိုး စိတ်ကူးစိတ်သန်းတွေနဲ့ COC ဂိမ်းကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဂိမ်းကုမ္ပဏီရဲ့ လိပ်စာက ဆီလီကွန်တောင်ကြားနဲ့အလွန်တရာဝေးကွာလှသော ဖန်လန်နိုင်ငံ Espoo ပြည်နယ် Niittykumpu မြို့မှာပဲဖြစ်ပါတယ်။သူတို့ရဲ့ပထမဆုံးရုံးခန်းက 30 Square Meter ဖြစ်ပြီး စားပွဲ ၆လုံးရှိပါတယ်။ထို့ပြင် ကော်ဖီဖျော်စက်တစ်လုံးလည်းရှိပါတယ်။ သိပ်မကြာမီ အဆိုပါအခန်းလေးမှာ လူ ၁၅ ယောက်ဝင်ဆံ့အောင် စီစဉ်ခဲ့ပါတယ်။
သူတို့ ပထမဆုံး လုပ်ဆောင်ခဲ့တဲ့ဂိမ်းကတော့ multi player ကစားနိုင်တဲ့ Gunshine.net ဆိုတဲ့အွန်လိုင်းဂိမ်းဖြစ်ပါတယ်။ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။သို့သော်လည်းအဲဒိကနေ များစွာသောသင်ခန်းစာတွေရရှိခဲ့ကြပါတယ်။......
.........
.........
ဒီလိုနဲ့ နောက်ဆုံးမှာတော့ တက်ဘလက်နဲ့ဖုန်းတွေမှာကစားနိုင်မယ့် COC ဆိုတဲ့ ဂိမ်းဖြစ်ပေါ်လာပါတယ်
Supercell ဂိမ်းကုမ္ပဏီကထုတ်ထားတဲ့ ဂိမ်းတွေကတော့
Clash of Clans, Hay Day and Boom Beach
တို့ပဲဖြစ်ပါတယ်။

No comments:

Post a Comment